နေ့စာကို လူစုံတက်စုံ
ပျော်ပျော်ပါးပါးစားရလို့ပျော်တယ်ဆိုပေမယ့်မေမီ့အတွက်တော့ တီချယ်နွယ်ရဲ့ တွေ့လိုက်တိုင်းတစ်ခုမဟုတ်တစ်ခု ထေ့ငေါ့သလိုအပြော ဘာရည်ရွယ်ချက်နဲ့ ဘာကိုဦးတည်မှန်းမသိတဲ့စကားတေွ စနောက်တဲ့စကားလည်းမဟုတ်တဲ့အပြောတေွ က စိတ်ကသိကအောက်ဖြစ်စေတာအမှန်ပါပဲ .....သူဇာ့အချစ်ဟာ တီချယ်နွယ်နဲ့စကားပြောအပြီးမှနေ့လည်စာကိုပြီးအောင်ဆက်စားပေမယ့်သူ့မျက်ဝန်းမှာ စိတ်ရှုပ်တဲ့အရိပ်အယောင်တွေခဏလေးဖြတ်ပြေးသွားတာ သေချာကိုမြင်လိုက်ရသည်။ ကိုယ့်လူက သူ့ကိုသဘောကျနေလို့ မထိတထိတွေပြောနေတာမှန်းမသိရှာ သူ့က်ိုအမြင်
မကြည်နေလို့တွေ့တိုင်း စကားတွေထေ့ငေါ့နေတတ်တယ်ဟုထင်နေသောသူကြီး....ဧကရီနဲ့ တီချယ်သက် မေမီတို့နဲ့နေ့စာစားပြီး
အဆောင်ဖက်ပြန်လာကြစဥ်"ဧကရီ ခုဏက တိီချယ်စနောက်လိုက်ပေမယ့်နွယ်က အတည်ပေါက်ကြီးကွယ် တီချယ့်စိတ်ထဲတစ်မျ်ုးပဲ သမီးရော ဘယ်လိုထင်လဲဟင်"
"ဟုတ်ပတီချယ်ရယ် စနောက်နေကြတာကို အတည်ပေါက်ကြီး မေမီ့ကိုထပြောတော့ ဟိုကောင်ကလည်း အတည်ပေါက်ကြီးကိုဖြေတာ ..တီချယ်နွယ်က လည်း ခပ်တည်တည်နေသမားမို့ စနောက်တာမတတ်တာနေမှာပါ "
"အင်း ဖြစ်နိုင်တယ်နော် ကဲအဲ့တာဆို
တီချယ်လည်းမေးလက်စနဲ့မေးပါဦးမယ် ဧကရီကရော
အချစ်ကိုဘယ်လို အဓပယ် သတ်မှတ်လဲ"ခက်ပါပြီကော တီချယ်ရယ် ဧကရီဘယ်လိုဖြေရပါ့မလဲ မေမီ့လိုတော့ လေးနက်တာတွေ မသိဘူး
အချစ်ဆိုတာ ဧကရီရှေ့က တီချယ်ဒေါ်မေရီသက်ပါလို့ သာဖြေလိုက်ချင်ပါရဲ့....."ဟင်း....မေမီပြောသွားတာကတော့
ချစ်ခြင်းတရားဆိုတာ ကြားဝင်ကူညီစေ့စပ်ပေးရုံနဲ့ရယူလို့ရတဲ့ အရာမဟုတ်သလ်ို အတင်းတစ်ဖက်သတ်တောင်းယူလို့ရတဲ့အရာလည်းမဟုတ်ပါဘူး ကိုယ်ကချစ်နေလို့တစ်ဖက်က ပြန်ချစ်လာရမယ်ဆိုတဲ့ သဘောတရားလည်းမဟုတ်ပါဘူး
တစ်ပါးသူက လာကြိုက်တိုင်းလည်း
ကိုယ့်ဖက်က မေတ္တာတွေပြန်ပေးရမယ့်အရာလည်းမဟုတ်ပါဘူး တဲ့လေ ....သမီးကတော့အဲ့အရာတွေအပြင်နောက်တစ်ခုထပ်တိုးချင်သေးတယ်တီချယ်"
YOU ARE READING
သူဇာ
Romanceအညာမြေ မုံရွာသူ အချောအလှလေး သူဇာဆိုတဲ့ကောင်မလေးနဲ့ ရှမ်းပြည် နယ်တောင်ကြီးက မေမီလင်းညိုဆိုတဲ့ ကောင်မလေးတို့နှစ်ဦး တောင်ကြီးပညာရေး ကောလိပ်မှာ ဆုံတွေရာက ဖြစ်ပေါ်လာတဲ့ ချစ်ခြင်းတရားတွေ သူငယ်ချင်း အချစ် ဆရာတပည့်ကြားက နူးညံ့နွေးထွေးမှုတွေအပြည့်နဲ့ အရီ အပြ...