အပိုင်း-12

334 23 0
                                    

မေမီတို့ကောလိပ်က မနက်စာနဲ့ ညစာ နှစ်နပ်ကျွေးပြီးနေ့လည်စာ ကို ကျောင်းတွင်းရှိ စျေးဆိုင်လေးများတွင် ဝယ်စားကြရသည်။ နေ့လည် နေ့စာစားချိန်မှာ နာရီဝက်သာအချိန်ပေးသည်မို့ လေးငါးဆိုင်သာရှိသော ဆိုင်များတွင် သင်တန်းသူရာချီတိုးဝှေ့ပြီးထမင်းနှင့်ဟင်းအလုအယက်ဝယ်ကြရသည်မှာ လွယ်ကူတဲ့ကိစ္စတော့မဟုတ်ပေ။

ဒါပေမယ့် မေမီ့အတွက်ကအဆင်ပြေသည်။
တန်းဆီဝယ်ရသည့်ဒဏ် လူအများကြားတိုးဝှေ့ရသည့်ဒဏ်ကို နည်းနည်းမှ မခံနိုင်တဲ့အကျင့်ကြောင့်ဆိုင်ရှင်အန်တီကြီးနှင့် မျက်မှန်းတန်းမိနေသည်မို့မနက်စောစော ကျောင်းသွားချိန်ကတည်းက
ပိုက်ဆံကြိုရှင်းကာ စားမည့်ဟင်းနှင့်ထမင်းကိုမေမီတို့သုံးယောက်စာတစ်ခါတည်းမေမီမှာခဲ့သဖြင့်နေ့လည်အချိန်သူများတန်းစီဝယ်ယူသည့်အချိန်တွင်
ဆိုင်ရှင်အန်တီကြီးက. အရန်သင့် ထုပ်ထားပေးသည်ကို ဝင်ယူရုံပင် ....

မေမီက နေ့လည်ထမင်းစားချိန်ဆင်းသောအခါ

"ဝေဖူးရေ နင်နဲ့ရွှေခြည် အခန်းထဲ သွားနှင့်နော်ပန်းကန်တွေ ဇွန်းတွေ ပြင်ထားပြီးပဲစောင့်နေလိုက် ထမင်းတွေ ဟင်းတွေ ငါပဲ သွားယူလိုက်တော့မယ်နော်"

"အေးအေး မေမီ ရေ "

မေမီ စျေးဆိုင်တန်းတွင် မနက်ကကြိုမှာထားသောဟင်းများယူရန်အလာ ဆိုင်ရှင်အန်တီကြီးရဲ့အသံကထွက်လာသည်။
"သမီးတို့ရေ ဟင်းက ကုန်သွားပြီ ထမင်းပဲကျန်တော့မယ် ခေါက်ဆွဲပြုတ်လည်း ရတယ်နော်သမီးတို့,"

"ဟာ သွားပါပြီ ကဲဘယ်လိုလုပ်ကြမလဲ
ထမင်းပဲဝယ်ပြီးလက်ဖက်ပဲသုပ်စားကြမလားတို့တွေ"

ပြန်ဖြေတဲ့သူအသံ မေမီ ကြားဖူးနေကျမို့ကြည့်လိုက်တော့ တင့်တင့်ထူး သူ့ဘေးမှာ
ခင်ညိုနဲ့သူဇာဆိုင်ရှင်အန်တီကြီးက သူတို့ကိုပြောပြီး မေမီ့ကိုမြင်တော့

"ဟော.... သမီးလေး ရော့သမီးမှာထားတဲ့ ကြက်မြစ်ကြက်သဲ ကြော် အစိမ်းကြော် အာလူးနှပ်နဲ့ထမင်းတွေ အန်တီခါတိုင်းလိုပဲကြိုထုပ်ထားပေးတယ်ရော့ရော့"

"ဟုတ် အန်တီကျေးဇူးပါ နော်"

"သူဇာတို့ တင့်ထူးတိူ့ပါလား ဟင်းတွေမကျန်တော့ဘူးဆိုတော့ နေ့စာအဆင်ပြေပါ့မလားဟင်"

သူဇာWhere stories live. Discover now