ညကလည်း ကျွန်မအချစ်အကြောင်းတွေးကာရင်ခုန်ခြင်းများစွာနဲ့ အတော်လေး ညဥ့်နက်မှသူဇာ
မှေးကနဲအိပ်ပျော်သွားသည်။ခုလည်း မနက်ကျောင်းသွားရင် မေ့ကို လာခေါ်နော်ဆိုတဲ့ မနေ့ညက အမှာတော်ပါးလိုက်တဲ့စကားလေးက မသိစိတ်ထဲကရော အသိစိတ်ထဲမှာရော နှလုံးသားမှာရော ဦးနှောက်ထဲမှာပါ သိသိသာသာ ကပ်ငြိလာသည်ထင်ပါ့ နှိုးစက် မြည်ရင်တောင် မျက်လုံးချက်ချင်းမပွင့်တတ်သည့် သူဇာမှာ အခုတောနှိုးစက်သံမမြည်ခင်မှာပဲ သူဇာမျက်လုံးအစုံရော စိတ်ဝိဉာဥ်အစုံပါ အလိုလို နိုးထလာတော့သည်။
အချိန်ကိုကြည့်တေ့ာ မနက်လေးနာရီသာရှိသေးသည်။နာရီဝက်တောင်စောနိုးနေသည်ပဲ
ဒါပေမယ့် အိပ်ရေးမဝတာမျိုး နေထိုင်မကောင်းတာမျိူးလည်းဖြစ်မနေ တစ်ယောက်သောသူ.မျက်နှာလေးမြင်ယောင်ကာ နိုးထလာသည်မို့
တက်ကြွလန်းဆန်းနေသည်။အိပ်ယာသိမ်း ပြီး ရေချိုးခန်းသို့ပြေးကာ
အိမ်သာတက် မျက်နှာ သစ် ခပ်မြန်မြန်
လုပ်စရာရှိသည်များပြီးအောင်လုပ်ကာ
တစ်ကိုယ်ရေတကာယကိစ္စများအကုန်ပြီးအောင် ပြင်ဆင်ပြီးချိန်တွင် ငါးနာရီခွဲသာရှိသေးသည်။ဒီနေ့ ကာယအချိန် မရှိတာမို့ အားကစားကွင်းမှာ
မနက်ခြောက်နာရီလည်းတန်းစီစရာမလို
အချိန်တွေပိုနေပြန်သည် ။
အချစ်ကရောနိုးပြီလားမသိမနေ့ညကနေမကောင်းထားတာ
အားယုတ်နေမှာ မနက် သူကြိုက်တဲ့အကြော်လေး
နဲ့ ကွေကာလေးဖျော်တိုက်မှပါလေ"အစ် မစျေးဆိုင်ဖက်လိုက်ဦးမလား"
"ဟေ ဘာသွားဝယ်မလို့လဲ ညီမလေးရဲ့ မနက်စောစောစီးစီးမဝယ်စဖူး"
"ဟိုလေ အစ်မ လင်းညိုအတွက် ခံတွင်းပျက်ပြီး ထမင်းသိပ်မစားမှာစိုးလို့ အကြော်လေးဘာလေး
သွားဝယ်ပေးမလို့ ""အမလေး သဲသဲကိုလှုပ်ေနတာပဲ ရှင်တို့တွေနော်
မပြောချင်ဘူး ဟိုကလည်း အကျီ ကိုယ်တိုင်းလာယူတာကိုအူတွေပုတ်နေတာ ကျွန်မ တို့ရှမ်းပြည်က
အချိုတွေနဲ့မတည့်ဘူးနော် ရင်ကြပ်ချောင်းဆိုးရင်မပျောက်လွယ်ဘူး သိထားဖို့"
YOU ARE READING
သူဇာ
Romanceအညာမြေ မုံရွာသူ အချောအလှလေး သူဇာဆိုတဲ့ကောင်မလေးနဲ့ ရှမ်းပြည် နယ်တောင်ကြီးက မေမီလင်းညိုဆိုတဲ့ ကောင်မလေးတို့နှစ်ဦး တောင်ကြီးပညာရေး ကောလိပ်မှာ ဆုံတွေရာက ဖြစ်ပေါ်လာတဲ့ ချစ်ခြင်းတရားတွေ သူငယ်ချင်း အချစ် ဆရာတပည့်ကြားက နူးညံ့နွေးထွေးမှုတွေအပြည့်နဲ့ အရီ အပြ...