အပိုင်း-31

447 24 0
                                    

နွယ် မနက် နှစ်နာရီခွဲ နာရီကို Alarm ပေးထားသည်မို့ လူးလဲထရသည်။ စောင်နွေးနွေးထဲမှာ ကွေးချင်သေးသော်လည်း တာဝန်ကိုး အင်.....တာဝန်ဆိုတာထက်အပြစ်ဒဏ်ပေးခြင်းခံရသော တာဝန်ပေါ့

စားဖိုဆောင်ကို မနက်သုံးနာရီအရောက်သွားရမှာမို့ရေချိုးခန်းသို့ အမြန်ထွက်လာခဲ့သည်။

ရေချိုးခန်းထဲတွင် တစ်ဆောင်လျှင် တစ်နေ့သုံးယောက် စားဖိုဆောင်မှာတာဝန်ကျသည့် ကလေးသုံးယောက်နှင့် အ‌ဆောင်မှာတစ်နေ့တာ တာဝန်မှုးကျသောကလေးများ ရေချိုးခန်းတွင် မျက်နှာသစ်နေကြပြီ

တာဝန်မှုးတွေကလည်း ဒီအချိန်မထလို့မရ ကာယအချိန်မတိုင်မှီ တစ်ဆောင်လုံးအမှိုက်တွေ ကျောင်းပေါက်ဝရှိ အမှိုက်ပုံးကြီးများတွင် အရောက်သွားပစ်ရန် ဘုရားခန်းသန့်ရှင်းရေး သောက်တော်ရေလဲ
ပန်းကပ် တစ်ဆောင်လုံးသန့်ရှင်းရေးများကိုပြီးစီးရန် အခုလိုမနက်နှစ်နာရီ ခွဲအချိန်ထကြရသည်။

နွယ်နဲ့ စာဖိုးဆောင်တာဝန်ကျကလေးသုံးယောက်စားဖိုဆောင်ရှိရာသို့ ဓာတ်မီးကိုယ်စီဖြင့်ချီတက်ခဲ့ကြသည် ။

နွယ်တို့ဆရာမတွေနဲ့ သင်တန်းသူတွေဟာ
စာဖိုးဆောင် နေရာအလိုက် တာဝန်ကိုယ်စီ ‌များခွဲဝေးယူပြီး ကိုယ်စီနေရာများတွင် ချက်ပြုတ် ဆေးကြော ခြင်း များစတင်ကြရတော့သည်။

ချက်ရေးပြုတ်ရေးဆို တစ်စက်မှ ဝါသနာမပါ‌သူနွယ့်အဖို့ ဒီစာဖိုးဆောင် ငါးရက်တာ တာဝန်ဟာသိပ်ကိုကြီးလေးသောပြစ်ဒဏ်ပင်ဖြစ်သည်။

အင်းတာဝန်ချိန်ကလည်း အကုန်ဆေးကြော
သိမ်းဆည်းပြီး  ညနေခြောက်နာရီ မှဆိုတော့
နွယ့်ရဲ့ မေမီ့မျက်နှာလေးကို ကျောင်းသွား
ကျောင်းပြန်အချိန်မှာ ငေးမောခွင့်လေးတောင်မရှိပါလား ထမင်းလာစားချိန်လေးတော့တွေ့ရဦးမှာပါလေ.....

မင်းကိုချစ်ရတာတို့မယ် ခက်ခဲလိုက်တာ
မေမိီရယ်

မေမီကျောင်းဖွင့်ရက် မနက်ပိုင်းတွင် တခြားသူများထက်ပိုကာ ခပ်သွက်သွက်ပြင်ဆင်နေရသည်။

မနက်ပိုင်း စာဖိုးဆောင်ကိုသွားကာ မုန့်များယူရန်အချိန်မီသွားနိုင်ဖို့ စိတ်က လောနေရသည်။

သူဇာWhere stories live. Discover now