ဒီတစ်ပတ် တနလ်ာနေ့ကစပြီး မေမီတို့ ကောလိပ်တစ်ခုလုံးသင်တန်းသူလေးတွေဟာ စားဖိုဆောင်မှာဟင်းမကောင်းမှာလုံးဝ စိတ်မပူရတော့သလို
နေ့လည် နာရီဝက်အချိန်လေးမှာ ကျောင်းဝင်းထဲမှ
စျေးဆိုင််တွေမှာ လုယက်တိုးဝှေ့ကာဝယ်စရာ
မလိုတော့ အရင်က ကြက်ဥပြုတ် ကိုခရမ်းချဥ်သီးအနှစ်တွေနဲ့ တစ်မျိုး ဘူးသီးဟင်းခါအရည်ကျဲကို
အသားတု ကြော်လေးငါးဖတ်နဲ့ စားရတဲ့ ဘဝကနေ
အခုတော့ ငါးဆိုရင် အကွင်းလိုက်ကြော်ထားတာ
တစ်ယောက်တစ်ခုစီနဲ့ သီးစုံချဥ်ရည်
ကြက်ပေါင်ကြော်တစ်ခုစီ အရံဟင်းတစ်ခွက်နဲ့
အရည််သောက်တစ်မျိုး အမြဲပုံမှန်ပါသည်။ဟင်းအလှုရှင် ပညာရေးဝန်ကြီး ဒေါ်သက်ထားဦး
ကို မေတ္တာပို့တိုင်းမပါမဖြစ် နေ့စာနဲ့ မုန့်အလှုရှင်
အမည်မသိသူဋ္ဌေးကြီးကိုလည်း ထိုနည်းတူ
မေတ္တာပို့ရသည်။မေမီတို့စားသောက်ရေးမှုးတွေကတော့ ဒီသင်တန်း တွင် အလုပ်အများဆုံးဖြစ်သည်။ နေ့တိုင်းမနက်
ဆိုလျှင် ကျောင်းမတက်မီ စားဖိုဆောင်ကိုအမြန်ပြေးကာ ကော်ဖိထုပ်နဲ့ ဘီစကစ်မုန့်
တစ်ခါတစ်လေ ခေါက်ဆွဲထုပ်နဲ့ ပေါင်မုန့်
ပေါင်မုန့်နဲ့အအေးဗူး စသဖြင့်တစ်နေ့တစ်မျိုးမရိုး
ရအောင် စားကြရသည်။
အဆာပြေမုန့်အလှူရှင်က ကျောင်းဖွင့်ရက်တိုင်း
လှူပေးသည်မို့ ပိတ်ရက်နှစ်ရက်တော့
မုန့်နဲ့ နေ့စာ ဝေပေးရေးအတွက် နားရက်ရသည်။နေ့အခါတွင် လက်ဖက်ထမင်း အီကြာကွေးနဲ့ ကော်ဖီခေါက်ဆွဲကြော် ကြာဇံကြော်
တစ်နေ့တစ်မျိုးစီနေ့စာအတွက် စားရတဲ့သူများအဖို့ကောင်းပေမယ့်
စာသောက်ရေးမှူး များနဲ့ တာဝန်ကျဆရာမများ
စားဖိုဆောင်က ဝန်ထမ်းများကတော့ရတဲ့အချိန်
လေးအတွင်းမှာ ပြီးစီးအောင်ပြင်ဆင်ကြပြီး
အချိန်မှိ မေမိီတို့ကဝေပေးရသည်။လက်ဖက်ထမင်း နေ့ဆိုမေမီ တကယ်ပင်ပန်းပါသည်။ဒါတောင် အစ်မငွေစံကူနေလို့ တစ်ဆောင်လုံးစာလူတစ်ရာ့ငါးဆယ်နီးနီးအတွက် အအေးပုံးနဲ့နှစ်လုံးဒန်အိိုးအကြီးကြီးတစ်လုံးကို အဆောင်ထိ နှစ်ယောက်သယ်ရတာ လက်တွေအောင့်သည်အထိ
ဒန်အိုးကြီးကိုတစ်ယောက်တစ်ဖက်စိသယ်ကာ
ကျန်တဲ့လက်တစ်ဖက်စီက ရေခဲပုံးအကြီးကြီး
တစ်ပုံစီသယ်ရတာ တကယ်ကိုမလွယ်တဲ့ အရာပါ
YOU ARE READING
သူဇာ
Любовные романыအညာမြေ မုံရွာသူ အချောအလှလေး သူဇာဆိုတဲ့ကောင်မလေးနဲ့ ရှမ်းပြည် နယ်တောင်ကြီးက မေမီလင်းညိုဆိုတဲ့ ကောင်မလေးတို့နှစ်ဦး တောင်ကြီးပညာရေး ကောလိပ်မှာ ဆုံတွေရာက ဖြစ်ပေါ်လာတဲ့ ချစ်ခြင်းတရားတွေ သူငယ်ချင်း အချစ် ဆရာတပည့်ကြားက နူးညံ့နွေးထွေးမှုတွေအပြည့်နဲ့ အရီ အပြ...