အပိုင်း-35

341 22 2
                                    

နွယ့်ရင်ခွင်ထဲမှာ ကောင်မလေးဟာ
ငိုလို့ ဝသွားတော့ နွယ်ရင်ခွင်ထဲမှထွက်ကာ
မျက်ရည်များကို နီရဲနေကာ သွေးစတွေနဲ့ပွန်းပဲ့နေသောလက်ဖမိုးနဲ့ ခပ်ကြမ်းကြမ်းသုတ်နေသည်။
ဘယ်လိုတောင် ပေတေလိုက်တဲ့သူလည်းလို့
မျက်ရည်တွေနဲ့ထိရင် ဒဏ်ရာကစပ်မှာပေါ့

နွယ့်အကျီအနားစလေးနဲ့သုတ်ပေးကာ

"မင်းကလေ တကယ်ပေတေတာပဲ
လက်က ဒဏ်ရာတွေနဲ့ မျက်ရည်သုတ်တော့
စပ်မှာပေါ့ နေ့လည်ကပြန်သွားတုန်းက လက်ကဒဏ်ရာမရှိပါဘူး ဘယ်လိုဖြစ်လာတာလဲ"

" တွေးရင်းစိတ်ကတိုလာလို့ နံရံကိုထိုးလိုက်မိတာပါတီချယ် "

"မင်းကလေ ခက်ပါတယ် ဆေးခန်းသွားပြကြတယ်ဆိုဆေးလည်းမလိမ်းထားပါလား ‌သောက်ဆေးရောပေးလိုက်လား"

"ကြီးကြီးမားမားမထိပါဘူး တီချယ်ရာ အရောင်ကျဆေးနဲ့ အကိုက်ခဲပျောက်ဆေးရယ် လိမ်းဆေးရယ်ပေးလိုက်တယ် ဒါပေမယ့် မလိမ်းပါဘူး
ထိုးထားတဲ့ ဒဏ်ဆိုတော့ ပိုပိုညိုလာအောင်နေမှာ
ဒါမှ သူတို့ကိုပိုပြီးသီရိပြသနာရှာလို့ရမှာ"

ပြသနာမရှာချင်စမ်းပါနဲ့ဆိုတဲ့စကားတော့
နွယ်ပြောမထွက်ပါ ။ဒီကလေးတွေရထားတဲ့စိတ်ဒဏ်ရာကနည်းတာမှမဟုတ်ဘဲ သူမထိခိုက်ဖို့ သူဒဏ်ရာထပ်မဖြစ်ဖို့သာ ဂရုစိုက်ပေးရန်သာရှိသည်။

"အင်းပါ မင်းတို့ ခံစားချက်ကို ထပ်တူမဟုတ်တောင်အပြည့်အဝနားလည်းပေးလို့ရပါတယ် ဒါပေမယ့်
တစ်ခုပဲ မင်းကိုမင်းထိခိုက်အောင် အနာတရထပ်မဖြစ်အောင်တော့နေပါနော် စိတ်လိုက်မာန်ပါမလုပ်နဲ့
ခေါင်းအေးအေးနဲ့ပညာသားပါပါ ပြောဆိုပြီးဖြေရှင်းရမယ်သိလား ကိုယ့်ဖက်က အလွန်တစ်ခုမှမဖြစ်စေနဲ့မင်းလိုတဲ့အချိန်တိုင်းတို့ကိုခေါ် လိုက် မင်းလာချင်တဲ့အချိန်တိုင်းတို့ဆီလာ တို့မင်းအတွက် အမြဲရှိပေးမယ်"

မျက်နှာကြောတင်းတင်းနဲ့ စကားကိုဘယ်တော့မှ
ချိုချိုသာသာမပြောတဲ့ သီရိရဲ့ချစ်ရသူ နွယ်ဝတီဦးဆိုသော တီချယ်ဟာ အခုတော့ ကိုယ့်ကိုစိုးရိမ်တကြီး နူးနူးညံ့ညံ့နဲ့ ချော့မော့ကာပြောနေလိုက်တာ ယူကြုံးမရဖြစ်နေတဲ့စိတ်တွေ ဝမ်းနည်းနေတဲ့စိတ်နာကျင်နေတဲ့စိတ် ခံပြင်းနေတဲ့စိတ်တွေဟာ ငိုချလိုက်ရလို့ပဲ သက်သာ‌သွားလေးသလား

သူဇာWhere stories live. Discover now