အပိုင်း-15

425 25 0
                                    

မေမီအခန်းထဲဘယ်လိုရောက်လာတယ်တောင်မသိပါလေပေါ်ပျံလာရသလိုပါပဲ ....ဟီးဟီး
တစ်ယောက်တည်းကြိတ်ကာရီမိသည်။
ဟူး........ရင်တွေခုထိခုန်နေတုန်း ခြင်ထောင်ထဲတစ်ယောက်တည်းဟိုဖက်လှည့်လိုက်ဒီဖက်လှည့်လိုက်နဲ့ ထိုင်ရမလိုလို ထရမလိုလိုတွေဖြစ်ကာနေသည် ဘုရားဘုရား အချစ်က လူကိုအဲ့လိုကတုန်ကယင်တွေဖြစ်စေပါသလား...
သူဇာက ချစ်တယ်တဲ့အမလေး လိုတရဘဝမှာအခုအချိန်​​ လေးက အပျော်ဆုံး ပဲ
တန်ဖိုး​ကြီးကြီးတွေရခဲ့ပေမယ့် ခုရလိုက်တာကတန်ဖိုးဖြတ်လို့တောင်မရတဲ့ ချစ်ခြင်းမေတ္တာမလား

မနက်ဖြန်ကျောင်းပိတ်ရက်မို့သာတော်သေးသည်။
ဝမ်းသာလွန်းအားကြီး၍ တော်တော်နှင့်အိပ်မပျော်မေမီ မနက်နှစ်နာလောက်မှ မှေးကနဲအိပ်ပျော်သွားတော့သည် ။

မနက်လည်း မနက်ငါးနာရီခွဲသာရှိသေးပေမယ့်မေမီမအိပ်ချင်တော့တာမို့ မျက်နှာသစ်ပြီးပြန်လာတော့ ဝေဖူးက ခြင်ထောင်ထဲမှ အိပ်မှုန်စုံမွားနိုးလာထလာပြီး မေ့မီကိုလည်းမြင်ရော

"ဟင် မေမီ အစောကြီးနိုးနေတာလား
မျက်နှာတောင်သစ်ပြီးနေပြီ "

"အေး အစောကြီးနိုးနေတာနဲ့ လန်းသွားအောင်မျက်နှာသစ်လိုက်တာဟ "

"ကဲ ငါ စျေးဆိုင်ဖက်သွားဦးမယ်
အကြော်လေးဘာလေး စားချင်လို့ သွားဝယ်ဦးမယ်

"အေး အေး သွား ရွှေခြည်မက အိပ်နေတုန်း
ငါလည်း အိမ်သာခဏသွားပြီးပြန်အိပ်ဦးမှာ ဟီးဟီး"

"အေး အိပ်အိပ် ငါရေနွေးဗူးလေးယူသွားဦးမယ် စားဖိုဆောင်ဖက်မှာ ရေနွေးဖြူဝင်ယူခဲ့ဦးမယ်လိုရမယ်ရ "

မေမီ ရေနွေးဗူး အသေးစားလေးယူကာ စျေးဆိုင်ဖက်ထွက်လာခဲ့သည် ။ရေနွေးလိုရင်စားဖိုဆောင်မှာ
တောင်းယူကြရသည်။

"အန်တီရေ အကြော်ရပြီလား "

"အေးသမီး ခဏလေးစောင့်နော် ရ​တေ့ာမယ်
ဘယ်လောက်ဖိုးလဲသမီး ဟင်းရောနေ့စာအတွက်မှာသွားဦးမလားသမီး"

ဟင်းမှာနေကြမို့ဆိုင်ရှင်အန်တီက မေးလေသည်။

"အကြော်အစုံ တစ်ထောင်ဖိုးနှစ်ထုပ်ထုပ်ပေးအန်တီ ဟင်းလည်းခါတိုင်းလိုပဲနော် ကြက်မြစ်ကြက်သဲ ကြော်ရော ထုပ်ထားပေးနော် "

သူဇာWhere stories live. Discover now