သူဇာကတော့ ခြင်ထောင်ထဲ မျက်နှာကြီးပြုံးကာ
ခုထိ မအိပ်သေး ရင်ထဲမှာ အချစ်ပန်းတွေတစ်ခင်းကြီးပွင့်နေတာမို့လေ လင်းညိုဟာ သူ့ကို အရမ်းအလေးထားသည် ။အစည်းအဝေးက ပြန်ပြန်လာချင်းလည်း သူ့ဆီ သတိတရလာပေးသည် ။စကားလုံး လှလှတွေနဲ့လည်း အသဲကို ခြွေပြန်သေးသည်။ ကိုယ့်မှာအသဲတယားယားမို့ ကိုက်ပြန်တော့လည်း အပြုံးမပျက် လင်းညိုဆိုတာ သူဇာ့အတွက်တော့ လိုတရလူသားကြီး ....
ဒါနဲ့ ....ကိုက်လိုက်တာကိုယ်ပဲသိသည် နာနေမှာတော့အသေအချာ အဲ့လိုကျတော့လည်း စိတ်မကောင်း
သူဇာအချစ်ကြမ်းြပီသွားလားမသိ"အစ်မ... "
"ဟေ.. ပြော ညီမလေး"
"ညီမလေး လင်းညိုကိုကိုက်လိုက်တာ တော်တော်နာသွားမလားမသိဘူးနော်"ခုမှ.......ဒီကလေးမကိုမျက်စောင်း အရင်ပစ်ထိုးလိုက်သည် ပြောလိုက်ရင် ကိုယ်အလွန်ပဲဖြစ်ဦးမှာ
"မမချောလေးရေ မနာဘဲရှိပါ့မလား ကျွန်မ တောင်
ဘေးကနေ အလိုလိုပါးတွေနားတွေကျိမ်းတယ်
မျက်နှာ ကြီးကိုနီတွတ်လို့ ကြိတ်ခံရှာတယ်
ဒါပေမယ့်မျက်လုံးကတော့ အချွဲခံ အဆိုးခံနေရလို့ ပီတိတွေဖြာနေတာတော့ အသိသာကြီး လိုက်လည်းလိုက်ပါ့
နွဲ့ဆိုးဆိုးတဲ့သူကလည်း အလွန်ဆိုး အလိုလိုက်တဲ့သူကလည်း ကမ်းကုန် လက်ဖျားခါတယ်ရှင်တို့ကိုတော့"အစ်မပြောလိုက်မှ သူဇာ့မှာပိုပီတိဖြာ ရတယ်
လင်းညိုရှင်ဟာလေ ရုန်းထွက်မရအောင်
ပိုပိုပြီး ငြိတွယ်အောင် တအားပြုစားတာပဲ"ဟီး အစ်မရယ် ညီမလေးကချစ်တာကိုး သူ့ကိုလည်း.အူယားတာနဲ့ ကိုက်ပစ်တာ
ညီမလေး ဘဝမှာ အခုဒီရောက်မှ အစ်မနဲ့လင်းညိုကိုချွဲခွင့်ရတာပါ ညီမလေးက အိမ်မှာအကြီးဆုံးသမီးလေ မောင်လေး နှစ်ယောက်ကို ငယ်ကတည်းကအလိုလိုက် အလျှော့ပေးပြီးပဲနေခဲ့ရတာ
အမေတို့ကလည်း သမီးကြီးမို့ အရာရာကိုယ့်ကိုပဲ
တာဝန် တွေဦးတည်တာလေ အစ်မရဲ့
အမေတို့က ပွဲရုံအလုပ်တွေနဲ့ဆိုတော့ ညီမလေးပဲ
အိမ်မှာ အစစအရာရာ အငယ်တွေတာဝန်ယူရတာလေ အမေ့ရဲ့အစ်မ ကြီးကြီး အပျိုကြီး တော့ရှိပါတယ်
YOU ARE READING
သူဇာ
Romansအညာမြေ မုံရွာသူ အချောအလှလေး သူဇာဆိုတဲ့ကောင်မလေးနဲ့ ရှမ်းပြည် နယ်တောင်ကြီးက မေမီလင်းညိုဆိုတဲ့ ကောင်မလေးတို့နှစ်ဦး တောင်ကြီးပညာရေး ကောလိပ်မှာ ဆုံတွေရာက ဖြစ်ပေါ်လာတဲ့ ချစ်ခြင်းတရားတွေ သူငယ်ချင်း အချစ် ဆရာတပည့်ကြားက နူးညံ့နွေးထွေးမှုတွေအပြည့်နဲ့ အရီ အပြ...