အပိုင်း-၁၁

314 20 0
                                    

ဒီနေ့ ဆရာမတွေအစည်းအဝေးမို့ မေမီတို့အတန်းထဲ စကားသံတွေဆူညံနေကြသည်
ဒါကို ခက်နှင့် တွဲဖက်ခေါင်းဆောင်ငွန်းခါးမှ
သူဇာတို့အတန်းဖက်ရှိ သင်တန်းသူသုံးယောက်ကို

"ဟိုဖက်ဆုံးအတန်းက တွေ စကားများလှချည်လားဟင် ဆရာမတွေပဲဖြစ်တော့မယ် လူလိုနားမလည်ဘူးလား ဒါနင်တို့ တောမဟုတ်ဘူး နားလည်ထား"

ငွန်းခါးစကားကြောင့်တစ်ခန်းလုံးငြိမ်ကျသွားသည်။
ဘယ်လို ပဲအတန်းခေါင်းဆောင်ဖြစ်ပါစေ
ဒီလောက်ရင့်သီးစရာမလိုဘူးမလား

ခက်ကလည်း "အေးနော် စကားတွေ စောက်ရမ်းမများနဲ့ ဆရာမတွေလာရင်တိုင်မှာ နားလည်ထား"

ထိုအခါ ဟိုအဖွဲ့ထဲမှတစ်ယောက်က

"ဟေ့ စကားက တို့အဖွဲ့တင်ပြောတာမဟုတ်ဘူး လူဆိုလူလိုပြော တောသူမဆိုပြီးပြောရအောင်နင်တို့ကဘယ်လောက်အဆင့်မြင့်လို့လဲဟင်"

ငွန်းခါးက "တောသူမို့တော့သူပြောတာလေ ဘာနာစရာရှိလို့လဲ ဟင် "

ခက်ကလည်း "တောသူပြော​ေတာ့မကြိုက်ဘူးဒီနေရာမှာအာလာကျယ်နေတာကိုး
တောသူမတွေရဲ့နားငြီးတယ် "

မေမီကြားရတာအဆင်မပြေတော့ပါ
ဟိုဖက်က သူတွေနဲ့လည်း ကိုယ်မသိပေမယ့် မတရားတာတွေ့ရင်ငြိမ်နေရိုးထုံးစံမရှိ
မေမီ အသံဟိန်းသွားအောင်အော်လိုက်သည် ဒေါသထွက်နေသည်မို့ ခက်ကကိုယ့်လူမို့ဆိုပြိးငြိမ်မနေနိုင်

"ဟေ့ အတန်းခေါင်းဆောင်နှစ်ယောက် နင်တို့ကလူလူချင်း ဘာ တွေခွဲနေတာလဲ ဟင်
အေး အတန်းခေါင်းဆောင်တွေဆိုပြီး ဆရာကြီးတော့မလုပ်ကြနဲ့နော် မင်းတို့ကိုတခြားအခန်းတွေလိုအားလုံးသဘောတူခန့်ထားတာမဟုတ်ဘူး လုပ်ချင်လှချည်ရဲ့ဆိုလို့ အတန်းခေါင်းဆောင်ဖြစ်နေတာ
နားလည်ထား"

မေမီပြောလိုက်သောကြောင့် ဒင်းတို့ နှစ်ယောက်ဒေါသထွက်သွားသည် ။
ဝေဖူးကလည်း မေမီ့ကိုစိတိလျှော့ရန် တိုးတိုးပြောနေသည် ။

ဒီလိုနဲ့ မေမီနဲ့ အတန်ခေါင်းဆောင်နှစ်ယောက် စကားများနေကြစဥ် ဆရာမ လည်းဝင်လာလေပြီ
အစည်းအဝေးပြီး သင်တန်း၏ လေ့ကျင့်ရေးမှူး ဆရာမကြီးပါ round လှည့်ရင်းပါလာသည်မို့

သူဇာWhere stories live. Discover now