အပိုင်း24

403 21 4
                                    

မေမီ အချစ်ဆုံးအခန်းကနေ တီချယ်မြတ်အခန်းရှိရာဘက်သို့အရင်လာလိုက်သည်။

တီချယ့်အခန်းက အချစ်ဆုံးတို့နဲ့ တောင်နဲ့မြောက်
ထောင့်ဆုံးအခန်းမို့အေးအေးဆေးဆေး
ရှိသောအထူးခန်းဖြစ်သည်။

တီချယ့်အခန်းလေး တံခါးစေ့ရုံလေးစေ့ထားလို့
သာသာလေးတံခါးကိုခေါက်လိုက်သည်။

"ဘယ်သူပါလဲ ဝင်ခဲ့ပါ "
တစ်နေကုန် စျေးသွားလို့ပင်ပန်းထားတာတောင်
တီချယ့်အသံလေးဟာချိုကြည်နေသည်။

"ဟီး သမီးပါတီချယ် "

"ဟော ကျွန်မ သမီးလေး ဘာကိတ် "

"သမီး ဖုန်းလေ မေ့ပြီးပါလာလို့တီချယ်
အဲ့တာ တိီချယ့်ဆီလာအပ်တာ "

"ဟော ဖြစ်ရမယ်ငါ့သမီးရယ် ဟုတ်ပါပြီ တီချယ်သိမ်းထားပေးမယ်နော်  ရေဒီယိုတွေညမှပဲဘုရားခန်းမှာပေးလိုက်ကြရအောင်လေနော်"

"ဟုတ် တီချယ် ရပါတယ် "

"ပြီးတော့လေ ဘာသာရပ်ဆရာမတွေအတွက်
ဝယ်လာတဲ့ ပုဝါလေးတွေကိုလေ တီချယ်ပဲရုံးခန်းမှာပေးပေးပါနော် အခန်းထဲမှာပေးရင် အခန်းဖော်တွေရှေ့သမီးမပေးချင်လို့ပါနော် တိုးတိုးတိတ်တိတ်ပြောပြီးပေးလိုက်ပါနော် တီချယ်ခင်ဘုဏ်းကိုရောပါပဲ"

"ဟုတ်ပြီသမီး တီချယ်မနက်ဖြန် ပိတ်ရက်ပဲလေ
ဝန်ထမ်းအိမ်ယာဖက်သွားရင်းပေးလိုက်မယ်"

သူများတွေက သူတို့ပေးတါဆို သူများရှေဂုဏ်ဖော်ချင်ကြလွန်းလို့ သူလေးကတော့အတန်းဖော်တွေရှေ့မပေးချင်ဘူးတဲ့လေချစ်စရာ
စိတ်ထားလေးရယ်ပါ

" ငါ့သမီးဦးကြီးကတီချယ်တို့အတွက် ရေဒီယိုလက်ဆောင်ပေးတော့ ညတွေဆိုတရားနာ
သီချင်းနားထောင်လို့ရပြီ သမီးတို့ကိုကျေးဇူးတင်တယ်နော် "

"ရပါတယ်တိီချယ်ရယ် ကျေးဇူးတင်ချင်လည်း
ဦးကြီးကိုသာ ပြောလိုက်ပါ ဦးကြီးက လိပ်စာကတ်ပေးသွားတယ်မလား ဟီး......... ,သမီးသွားပြီနော်
တီချယ်"

ဒီကလေးလေးဟာလေ အနှောင့်အသွားမလွတ်ပြောချင်ရာပြောပြီး လစ်သွားပြီ တကယ်ပါ ဘယ်လို
တူအရီးတွေလည်းကိုမသိဘူး  ဟူး........ခက်ပါတယ်
မေမီဝယ်လာသောမုန့်ထုပ်တွေ အခန်းထဲရောက်တော့စီထည့်နေရင်း  ဆိုင်ကအချစ်ဆုံးအတွက်
သီးသန့် ဝယ်လာသောရေဒီယိုလေး
ကိုယ်အကြိုက်ဆုံး ခဲနဲ့အနက်ရောင်စပ်လေး
ကွာလတီကောင်းတာမို့ ကျစ်ကျစ်လစ်လစ်နဲ့
လေးထာင့်စက်စက် ပါးပါးလေး memory card
Memory stick နဲ့တွဲဖွင့်လို့လည်းရ ဓာတ်ခဲနဲ့လည်းရ
အားသွင်းပေါက်လည်းပါသည့် ဘက်စုံသုံးလေး
Digital နာရီဒိုင်ခွက်လေးထောင့်သေးသေးလေးကလည်းပါသေးသည်။ ကိုယ်ဝယ်ပေးတဲ့ ရေဒီယိုလေးဟာကိုယ်သူ့အပေါ်ထားတဲ့အချစ်တွေလိုပဲ ပြည့်စုံလွန်းနေတယ်။ အဟိ မဆိီမဆိုင် ရူးကြောင်ကြောင် အတွေးကတွေးလိုက်သေးသည်။

သူဇာWhere stories live. Discover now