အပိုင်း-30

383 25 3
                                    

နွယ်ဆေးခန်းကပြန်ရောက်တာနဲ့
နေ့စာစားဆေးသောက်ပြီးတစ်ရေးအိပ်နေချိန်

"ဒေါက်...ဒေါက် နွယ်ရေ ညီမလေး "

"ဟုတ် ဝင်လာခဲ့ပါ မမမြတ်. "

"နွယ်ရေ ညီမလေး အိပ်နေတာလား တစ်နာရီခွဲကျရင်ရုံးခန်းလာခဲ့ပါတဲ့ မမမြတ်ရော ခေါ်တယ်
မနေ့ကနွယ်နဲ့တာဝန်ကျတဲ့ကလေး ဆယ့်ငါးယောက်ရော အဲ့တာမမမြတ်လာပြောတာနော် နာရီဝက်လောက်တော့လိုပါသေးတယ် "

"ဟုတ် မမမြတ် နွယ် အချိနိနိးရင်ထွက်လာခဲ့ပါ့မယ်"

"Ring ring...."

နံပတ်ကိုကြည့်တော့ သစ်ကုလားအုတ်
"ဟယ်လို... "

"တီချယ် သီရိ လိုတာတွေဝယ်ပြီး ရပ်စောက်ပြန်နေပြီနော် အခုလမ်းမှာ နောက်ပိတ်ရက်တွေမှ သီရိတောင်ကြီးလာဖြစ်တော့မှာ ဆေးလည်းမှန်မှန်သောက်နော် "

"မင်းပြောတော့မနက်မှပြန်မှာဆို"

"ဟုတ်တယ် အခုတော့ အလုပ်လည်းသိပ်မရှိတော့လို့အိမ်ပဲပြန်လိုက်တော့တာ ဒါနဲ့လေ တီချယ်
ဘာပဲလိုလို အရေးကြီးရင် သီရိကိုအချိိန်မရွေးဖုန်းဆက်လို့ရတယ်နော် အဲ့တာလေးပြောချင်လို့ဖုန်းဆက်လိုက်တာပါ "

"အင်းပါ အခုလို ပြောပေးတဲ့အတွက်ရော
ကူညီခဲ့တာတွေအတွက်ပါ မင်းကိုတကယ်ကျေးဇူးတင်ပါတယ် ကားလည်းသေချာမောင်းဦးနော်"

"ဟုတ် bye teacher... "

"Ok see you ပါသီရိ"

ဒီကောင်မလေး နဲ့စကားပြောလိုက်ရတော့လည်း
အကြောင်းအရာက ဘာရယ်မဟုတ်ပေမယ့်
စိတ်တော့ပေါ့ပါးသွားသလိုပါပဲ အင်းပေါ့
လူငယ်တွေကိုး ပေါ့ပါးလန်းဆန်းနေတာတွေ
ကူးစက်တာပေါ့ မင်းသူငယ်ချင်း မေမိီဆီကတော့
ပထမဆုံးနေ့က အဆောင်ရှေ့မှာ
ညီမလေး ဘယ်သူနဲ့တွေ့ချင်တာလည်းဟင်လို့
ပြုံးပြုံးလေး ကြည့်ပြီးမေးခဲ့တာရယ်
စမူဆာကြော် လဲပေးတဲ့နေ့က
ပြုံးပြတဲ့အပြုံးလေးရယ်ပဲ တို့သူ့ဆီကရဖူးတယ်

မင်းကတို့ကိုအပြုံးတွေဖောဖောသီသီပေးပေမယ့်
မင်းသူငယ်ချင်း မေမီက​တေ့ာ သူ့အပြုံးတွေကို
တို့ဆီပေးဖို့မရှိဘူးထင်ပါရဲ့....

သူဇာWhere stories live. Discover now