အဖြူစိမ်းယူနီဖောင်းလဲပြီးမှန်ကြည့်လိုက်ရင်း
"ဝေဖူးရေ ဆရာမ လောင်းတွေသာပြောတယ်
ကျောင်းသူပြန်ဖြစ်သွားသလိုပဲနော် ဟီး...."."အမယ် ဒေါ်မေမီ ကေျာင်းသူနဲ့မတူအောင်
တစ်မျိုးကျန်သေးတယ်လေ နင်ဆံထုံးမထုံးရသေးဘဲနဲ့""အာ ဟုတ်သားပဲ ငါက ဆံပင်တောင်စည်းနေကျမဟုတ်ဘူး ဝေဖူးရ ဆံထုံးနင်ထုံးပေးနော်"
"အေးပါ ငါနေ့တိုင်းထုံးပေးမယ် ဟုတ်ပြီလား"
"ယေး ဒေါ်မေမီတို့များ နတ်သမီးလိုသဘောကောင်းတဲ့ ဝေဖူးလေးနဲ့ တစ်ခန်းတည်းကျပြီးသူငယ်ချင်းတော်ရတာ ကံကောင်းလိုက်တာ"
သူ့ကိုယ်သူ ပျော်ပြီးပြောနေပုံက တကယ်ချစ်ဖို့ကောင်းသည်။ ဝေဖူးလည်း
မေမီကိုတကယ်ခင်ပါသည်။ အနေတည်သလိုနဲ့သဘောကောင်းသည်။ သူ့မှာရှိသမျှ
မုန့်တွေ ဟင်းတွေ ဆိုလည်းမနှမြောတတ် သူ့ဆီမှာ ရှိတဲ့ပစ္စည်းတွေဟာ
ဝေဖူးနင်ခွင့်တောင်းစရာမလိုဘူး နင်ဘာမဆိုသုံးလို့ရတယ်တဲ့လေ မနေ့ညက သူပြောတဲ့စကားလေး"ဆံအုပ်က အမဲပဲတပ်ရမှာဆိုအရောင်တွေနဲမရဘူးဆိုတော့ ငါဝယ်လာတဲ့ အလှလေးတွေ တော့ သိမ်းထားရတော့မယ် မေမီရယ်
နင်ကတော့ ကောင်းလိုက်တာ
အမဲရောင်တွေချည်းပုံစံစုံဝယ်လာတာ"ငါက အရောင်ထဲမှာအနက်ရောင်အကြိုက်ဆုံးလေ ဟဲဟဲ မားသားကြီးက အရောင်နဲ့ဝယ်ခိုင်းတာ
အနက်ရောင်ပဲ တပ်ရမှာဆိုမှ လက်လျှော့သွားတာ""ဟီး ဆံထုံး မထုံးဘူးတော့ နေရတာတစ်မျိုးကြီးပဲ ဝေဖူးရ"
ဝေဖူးထုံးပေးသောဆံထုံးလေးကို မှန်ထဲတွင်ကြည့်ပြိး ရှက်ကိုးရှက်ကန်းပြောနေပုံက အဆောင်စဝင်တဲ့ရက်က မျက်နှာတည်ကြီးနဲ့ မသက်ဆိုင်စွာ ချစ်ဖို့ကောင်းနေသည် လေ
ဝေဖူးလည်း ချစ်စရာကောင်းသောသူငယ်ချင်းအသစ်လေးအား ပြုံးပြီးကြည့်နေမိသည်။စသင်ရက်အစ တွင် စိတ်တော့ပင်ပန်းရသည်။
ဘာသာရပ်ကလည်းဆယ်ဘာသာကျော်
စိတ်ပညာ သင်ကြားရေးစနစ်ဘာသာရပ်တွေဟာကိုယ်နဲ့အစိမ်းသက်သက် ပန်းချိိ ဂီတက စိုက်ပျ်ုးရေးတွေကတော့ အဆင်ပြေသည်။
YOU ARE READING
သူဇာ
Romanceအညာမြေ မုံရွာသူ အချောအလှလေး သူဇာဆိုတဲ့ကောင်မလေးနဲ့ ရှမ်းပြည် နယ်တောင်ကြီးက မေမီလင်းညိုဆိုတဲ့ ကောင်မလေးတို့နှစ်ဦး တောင်ကြီးပညာရေး ကောလိပ်မှာ ဆုံတွေရာက ဖြစ်ပေါ်လာတဲ့ ချစ်ခြင်းတရားတွေ သူငယ်ချင်း အချစ် ဆရာတပည့်ကြားက နူးညံ့နွေးထွေးမှုတွေအပြည့်နဲ့ အရီ အပြ...