အပိုင်း-23

255 17 0
                                    

မေမီတို့ ည ဘုရားရှိခိုး ပြီးတော့ တီချယ်မြတ်က
ကဲသမီး တို့ ရေ
ဆရာမကြီးက သင်တန်းသူတွေကိုပြောခိုင်းတာလေးတီချယ်ပြောမလို့ ခဏနားထောင်ပေးနော်
အခုသင်တန်းမှာက ဖုန်းယူခွင့်မပေး ဖုန်းသုံးခွင့်မပေးထါးဘူးဆိုတော့ စနေ တနဂ်နွေပိတ်ရက်တွေမှာ
ရေဒီယိုတော့ ညနေ ဘုရားရှိခိုးချိန်မတိုင်ခင်အထိ
သုံးခွင့်ပြုမယ်တဲ့ သီချင်းလေးတွေ သတင်းလေးတွေနားထောင်ရတာပေါ့နော်
အဲ့တော့ ပိတ်ရက် ထွက်ခွင့်ရရင်ရေဒီယို ဝယ်ချင်တဲ့သူလည်းဝယ်ပေါ့ ဟုတ်ပြီလား

"ရေး.........."

ဖုန်းတွေ အင်တာနက်တွေ ခေတ်မှာ ကောလိပ်ထဲကအဆောင်သူလေးများက​တေ့ာ ရေဒီယိုလေးနားထောင်ခွငိ့ရတာကိုအပျော်ကြီးပျော်နေကြသည်။

"ဒေါ်မေမီ ငါ့သမီးငိုပြဲလေး ညနေက ပုတ်သင်ညို
မြင်ပြီးငိုတော်မူတယ်ဆို ဟုတ်လား"

တီချယ်မြတ်ဟာလေ လူစုံရင် အဲ့လိုဖော်ပြီ

မေမီမတ်တပ်ရပ်ကာ "ဟီး မြင်ရုံနဲ့တော့ မငိုပါဘူး
တီချယ် တင့်ထူးကလေ ပုတ်သင်ညိုကိုသမီးရှေ့ကိုင်လာပြတော့မှလန့်ပြီးငိုတာပါ"

တင့်တင့်ထူးကို မကျေမနပ်ကြည့်ကာ
ကလေးလိုတိုင်နေသော မြတ်တပည့်
ပြသနာအိုးလေးက ပုတ်သင်ညိုတော့
ပျာနေအောင်ကြောက်တတ်တယ်တဲ့
ညနေက အဆောင်ကကလေးတွေနဲ့နွယ်ပြောပြလို့
ရီရခက်ငိုရခက် ဖြစ်ရသေးသည် ။

မမမြတ်ကို တိုင်ပြောနေပုံကြောင့် နွယ် လည်းစချင်လာတာမို့

"မေမီ မင်းက ကလေးလားကွ ဟင်
ပုတ်သင်ညိုပဲကြောက်ရသေးတယ်
ပြောပါဦး နောက်ထပ်ရော ဘာကြောက်တတ်သေးလဲ ကလေးမဟုတ်ဘာမဟုတ်နဲ့"

ကြောက်တတ်တာကို ရီစရာလိုလို
လှောင်သလို ခနဲ့သလိုနဲ့
မျက်နှာကို ချီပင့်ကာမေးလာတဲ့တီချယ်နွယ်ရယ်ပါ

"အကြောက်တရားဆိုတာ ကလေးတွေမှ ရှိတတ်ကြတာမဟုတ်ပါဘူးတီချယ် လူကြီးတွေ အသက်အရွယ်ရလာတဲ့သူတွေမှာလည်း အကြောက်တရားဆိုတာ
ရှိကြတာပါပဲ ခုလိုမေးပုံထောက်ရင်တော့ တီချယ်
ကြောက်တတ်တဲ့အရာ မရှိသေးပုံပါပဲ
သမီးက​တေ့ာ ဘယ်အရာကိုမှ မသတ်မှတ်ထားပါဘူးတီချယ် ကြောက်သင့်ရင်ကြောက်မယ် ချစ်သင့်ရင်ချစ်မယ် ပျော်စရာရှိရင်ပျော်မယ်
တီချယ်မေးမှပဲ ကြောက်စရာနောက်တစ်ခုကိုတောင်တွေးမိသွားတယ် "

သူဇာWhere stories live. Discover now