အပိုင်း-19

351 19 2
                                    

ဝေဖူးတို့တော့ အိပ်ပျော်နေကြပြီ မေမီတစ်ယောက်ကတော့ အိပ်မပျော်နိုင်သေး  သူဇာတစ်ယောက်
တီချယ်နွယ်ဝတီဦး နဲ့ သဝန်တိုကာ စိတ်ပူနေသည်တဲ့ တီချယ် က ငယ်ရွယ်ပြီးချောတာ မှန်ပေမယ့်
ကိုယ်တွေဆရာမလေ ဒါကို သူ​လေးကြံဖန်စိတ်ပူနေတာ ချစ်ရင်သဝန်တိုကြတယ်

ဒီစကား ကို ခဏခဏကြားဖူးပါရဲ့ ခုတော့ သူသိပ်ချစ်ရတဲ့ မိန်းကလေးကလည်း သူ့ကိုသဝန်တိုလွန်းလို့စိတ်ပူကာ မျက်စိမျက်နှာ အပျက်ပျက် ဖြစ်နေသည်မို့ ကိုယ့်မှာကြည်နူးရသည်  မေမီကိုယ့်အကြောင်းကိုယ်သိတာပေါ့ သဘောကျမိပြီဆိုလျှင် မပြောင်းလဲဘဲ စွဲစွဲမြဲမြဲ သဘောကျတတ်တာကို စိတ်ချပါအချစ်ဆုံးရေ စိတ်ပူနေတဲ့အရာတွေ ဘယ်တော့မှဖြစ်လာမှာမဟုတ်လို့လေ

ဒီနေ့ တနလ်ာနေ့မို့ အဆောင်သူတွေ ဇိမ်နဲ့ မနှပ်အားကြတော့ စောစောစီးစီး ပြင်ဆင်ကာ ထမင်းစားချိန်မှီရန် ကျောင်းချိန်မှီရန်
ခပ်သုတ်သုတ်ပြင်နေကြသည်။

မေမီတို့အခန်းသည်ရေချိုးခန်း အိမ်သာ သွားသည့် နေရာတွင်မို့ မနက် ညအချိန်တွေဆို အခန်းရှေ့ဖြတ်သွား ဖြတ်လာများတာမို့ မျက်စိတော့နည်းနည်းနောက်စရာကောင်းသည် ။

မေမီ အခန်းရှေ့တွင် မျက်နှာသုတ်ပုဝါ လှမ်းနေစဥ်
ဟန်သာက
"ဟျောင့် မေမီ ဆံထုံးမထုံးရသေးဘူးလား"
"မထုံးရသေးဘူး ဟန်သာရေ ဝေဖူးအခုမှ အလှပြင်တုန်းလေ "
"ကဲ ငါပဲထုံးပေးမယ်ကြာတယ် ဒေါ်မေမီ မင်း ကိုယ့်ဘာသာထုံးဖို့ရှေ့လျှောက်အစီစဥ်မရှိတော့ဘူးလား"
"မရှိပါဘူး ငါ့မှာ အချစ်တွေရှိတာပဲ
နင်တို့ ထုံးပေးတါသဘောကျတယ် ဟဲဟဲ မင်းကလည်း မငြိုငြင်ပါနဲ့ကွာနော် "

မေမီ ချွဲကာပြောတော့
"အမလေး မငြိုငြင်ရပါဘူး ကလေးတအားလုပ်လို့
ရွဲ့မေးတာ သိလား "

"ဟီး ဟီး... "ဟန်သာ ဟာ ကိုယ်တွေ
အပေါ် သဘောကောင်း သလို တခြားသူတွေအပေါ်လည်း ကောင်းစေချင်သည် ။ဟန်သာ ခက်နဲ့မိလှိုင်တို့ဟာ တစ်ခါတစ်လေ သိပ်မောက်မာလွန်းတာကိုမေမီသဘောမကျပါ

နွယ် အခန်းရှေ့ဖက် တွင် နေရောင်နွေးနွေးလေးရှိတာမို့ နေပူဆာခဏလှူံနေတုန်း စကားပြောသံကြားတာမို့ကြည့်လိုက်ရာ မနေ့က ကလေးမ
သြော် သူနဲ့ ကိုယ့်အခန်းက လူသွားလမ်းလေးပဲခြားတာပါလား သူတို့ ပြောစကားများကြားပြီး နွယ်
တိတ်တိတ်လေး ပြုံးမိရသည်။ ဘယ့်နှယ်
ထဘီမဝတ်တတ်ရုံတင်မဟုတ် ဆံထုံးပါ မထုံးတတ်သူပါလေ
ဆရာမလုပ်မည့်သူက အခုထိ ကလေးလို သူငယ်ချင်း ကိုလည်း ချွဲတတ်သေးသည် ။နေ့တိုင်းသူငယ်ချင်းတွေက ထုံးပေးရသည့်ပုံစံပဲ ဒါကို
ဒေါ်ခင်မျိုးမြတ် က သူ့တပည့်ကို တန်းစိီပြီး
ချီးကျူးသွားတာ ကိုယ် ကတော့သူ့ကောင်းကွက်ဆိုတာမမြင်ရသေး နမော်နမဲ့ နဲ့ မလုပ်တတ်မကိုင်တတ် ခိုင်းစားတတ်တာပဲနွယ်မြင်သည်။ သူတို့ကို ငေးနေလို့မဖြစ်သေးပါ ကိုယ်လည်းကျောင်းသွားဖို့ပြင်ရဦးမည်။

သူဇာWhere stories live. Discover now