အပိုင်း-10

362 21 0
                                    

ဒီနေ့ စိုက်ပျ်ိုးရေးအချိန် ဆရာမက အဖွဲ့ငါးဖွဲ့ဖွဲ့စေပြီးမုန်ညင်းမျိုးစေ့များ အသီးသီး ခွဲဝေပေးသည်။

ကေ​​​ျာင်းစိုက်ခင်းမြေနေရာ၌ အဖွဲ့ငါးဖွဲ့မှ ကိုယ်စိုက်မယ့်နေရာတွေမှာ နည်းစနစ်တကျစိုက်ကြရမှာဖြစ်ပြီး အပင်ပေါက်လာတဲ့အခါ အမှတ်ပေးပြီး
ပထမ ဒုတိယ  တတိယ သတ်မှတ်ပေးမည်တဲ့

စိုက်ခင်းအဖွဲ့တွင်ဆရာမစိတ်​ကြိုက်
ဆယ်ယောက်စီ ငါးဖွဲ့ဖွဲ့ပေးသည်။

မေမီတို့ဆယ်ယောက်အဖွဲ့တွင် တင့်တင့်ထူး ခင်ခင်ညို မငွေစံ ဝေဖူးတို့ စုမိကြသည် ။
ဝေဖူးမှာမေမီနဲ့တစ်ဖွဲ့တည်းကျသဖြင့် ပျော်နေလေတော့သည်။
မေမီလည်းပျော်ပါသည် ​ေဖေူးပါတာဆိုတာထက်သူဇာရောပါတာမို့ ပိုပျော်မိသည် ။

ရွှေခြည်မှာ အခန်းထဲမှ အခန်းဖော်များနဲ့ ဘယ်သူနဲ့မှအဖွဲ့မတူ ဒါပေမယ့်သူ
ပြောသည်က

"မသိတဲ့သူနဲ့အဖွဲ့ဖြစ်ရတာကောင်းတယ် အဲ့တာမှ သူငယ်ချင်း တိုးတာတဲ့လေ "

တစ်ရက် ညနေခင်းမြေတူးမြေဆွကြရင်း
ခင်ညို တစ်ယောက် လက်ကိုင် ခက်ရင်းခွအသေးစား‌ေလးနှင့်ငြိမိကာ လက်ရှတော့သည်။ မေမီရဲ့ အနားတွင်မို့ မေမီလန့်သွားကာ လက်ကသွေးတွေ မထွက်အောင် ခင်ညိုလက်ကိုငုံထားပေးလိုက်သည် ။

ခင်ညိုက"မေမီ ငါ့လက်ကိုမငုံထားနဲ့
ဖယ်ဖယ် "ဟုဆိုကာ အတင်းတွန်းထုတ်နေသည် ။
ဝေဖူးလည်း အပြေးရောက်လာကာ သူ့အိပ်ကပ်ထဲမှ လက်ကိုင်ပုဝါနဲ့ ခင်ညိုလက်ကိုသေချာစည်းပေးသည်
"ခင်ညို အခုက သွေးတိတ်ရုံပဲ
အဆောင်ရောက်မှ ဆေးသေချာထည့်ပေးမယ်နော်"

"ကျေးဇူးပါ ဝေဖူးရယ် မေမီနင့်ကိုရော ကျေးဇူးတင်တယ်နော် "

"ရပါတယ် ခင်ညိုရာ ပြောစရာလူတွေလား
အာ ဒါနဲ့ ကျေးဇူးတင်ရင် ငါနဲ့ဝေဖူးကို တစ်ခုလိုက်လျောရမယ် ခင်ညိုမှမဟုတ်ဘူး
သူဇာရော မငွေစံရော တင့်တင့်ထူးရော ဘယ်လိူလဲ"

မေမီ သူတိူ့အား မျက်နှာပြုံးစိစိဖြင့်မေးလိုက်ရာခင်ညိုမှ

"ငါတို့က ဘာလိုက်လျောရမှာလည်းဟ"

"ဒီလိုလေ ငါတို့ကိုတကယ်ကျေးဇူးတင်ရင် နင်တို့လေးယောက် ငါတို့နဲ့ သူငယ်ချင်း လုပ်ရမယ်ခုလည်းသူငယ်ချင်းတွေဆိုပေမယ့် အရမ်းရင်းနှိးတဲ့သူငယ်ချင်းတွေ လုပ်ကြရအောင်လေ" ဘယ်လိုလဲ

သူဇာWhere stories live. Discover now