အပိုင်း-၄

496 25 0
                                    

နောက်ထပ်ထည့်၍ စားနေသောဝေဖူးသည်

"အယ် မေမီနင်ငိုနေတာလား
ဘာလို့လဲ အစားပုတ်သောသူမ အစားမရွေးသောသူမအဖို့ ကျွန်မ ဟင်းတွေထမင်းတွေကြည့်ပြီးငိုနေတယ်ဆိုတာ ယောင်လို့ပင်တွေးမိမှာမဟူတ်

"ဝေဖူး ငါလေ "

"အေး...ပြော ဘာဖြစ်တာလဲမေမီ ဘာလို့
ငိုတာလဲ"

"ဟို............ ငါလေ ဒီဟင်းနဲ့မစားချင်ဘူးဟာ
ငါမကြိုက်ဘူး ဆန်ကလည်း အရောင်ကြီးကမလှဘူးစားရမှာတစ်မျိုးကြိးပဲ
ထမင်းမာရင်လည်း ငါမစားတတ်ဘူး"

"အယ် အံ့ရော မေမီနင် ငိုနေတာလား ကလေးကျနေတာပဲ စားကြည့်ပါဟ ကောင်းတယ် နင်မစားကြည့်သေးလို့ပါ"

ဟူး............သင်တန်းက လတွေအများကြီးတက်ရမှာ ပထမနေ့တင် တိုက်ပွဲကျနေလို့မဖြစ်ဘူးဟုစိတ်တင်းကာ
ထမင်းနည်းနည်းစားလိုက်ပါသည် ။

ထိုစဥ် ဝေဖူးက ဗန်းထဲမှ ကြက်ဥပြုတ်ကို
အခွံခွာပေးသည် ။

"အော့... အော့ "

"ဟင်... မေမီဘာဖြစ်တာလဲ"

" ထမင်းကဘာရီးလဲဝေဖူးရဲ့ "

"စားလို့လည်မရဘူး တအားကိုမာတယ်"

ထမင်းသည် အလွန်ကိုကြမ်းသည်
ပြောင်းဖူးစေ့အစိမ်းကို ဝါးနေရသလိုပင်
စားရင် လည်ပင်းနင်ကာ တအေ့ာအော့နဲ့
မျက်ရည်ပင်လည်ရသည်။

ထိုအခါ ဝေဖူးလည်း စိတ်မကောင်းသလ်ို
ကြည့်ပြီး"

" နင်အဆင်မပြေရင်အခန်း‌ေရာက်မှမှစားလေတဲ့ ထမင်းကတော့သွန်လို့မရဘူး"
တဲ့နော်

"ဒါဆိုဘယ်လိုလုပ်ရမလဲ
ငါဆက်မစာချင်ဘူး ဝေဖူး"

"ပေးပေး ငါပဲစားပေးမယ် "
ဟုဆိုကာသူပဲဆက်စား‌ေပးသည် ။

သူများတွေဖက်ဝေ့ကြည့်မိသည် ။
ကြိတ်မှိတ်စားနေသောသူများ
ဝေဖူးတို့လို အားရပါးရစားနေသော သူများ
ကိုယ်လိုမျက်စိမျက်နှာပျက်နေသော သူများ
ထိုအချိန်ခဏတွင်စိတ်ညစ်ပြီး ငိုချင်နေတာကလွဲလို့ တခြားအတွေးမရှိတာအမှန်ပင်ကိုယ်စားပြီးသားပုံစံခွက်များကို
ဆေးကြောသည့်နေရာတွင်ကိုယ်တိုင်သွားထားကြရသည် ။ထမင်းစားဆောင်နောက််တွင်အရိုးအရင်းများထည့်ရသော ဝက်စာအိုးများကျွန်မ တို့စားပြီးသား ပန်းကန်များဆေးသောအ​ဒေါ်ကြီးများ ချက်ပြုတ်နေကြသော စာဖိုမှူးများရှိသည်..... သြော်မြင်မြင်သမျှ အစိမ်းသက်သက်
တွေပါပဲလား ပန်းကန်ဆေးမည့်နေရာတွင်
စားပြီးသား ပုံစံခွက် ဗန်းတွေထားပြီးတော့

သူဇာWhere stories live. Discover now