အပိုင်း-၂

611 45 1
                                    

သူဇာ

Part (2)

သင်တန်းတစ်လျှောက်အတူနေရမည့်သူတွေမလားဘုဆတ်ဆတ် ဂွကျကျဆိုလျှင် အဆင်မပြေဖြစ်မှာစိုးသောကြောင့်ပင်

"မေမေက ဒီကသမီးနာမည်ဘယ်လိုခေါ်လည်း""

"သမီးနာမည် နန်းဝေဖူးပါအန်တီ""

"သမီးက ရှမ်းမလေးလား ပအိူဝ်းမလေးလား"

"သမီးက ရှမ်းဗမာပါအန်တီ"

"သမီးတို့ အဆင်ပြေပြေခင်ခင်မင်မင်နေကြနော်သမီးတို့ အန်တီ့သမီးက အဆောင်မနေဖူးတော့တစ်ခုခုဆို စိတ်အခန့်မသင့်တာရှိရင်
စိတ်ထဲမထားဘဲပွင့်ပွင့်လင်းလင်းပြောကြ
တိုင်ပင်ပြီးနေကြနော်သမီးတို့"

"ဟုတ် အန်တီစိတ်ချပါ နော် ပြောရင်း ကျွန်မကိုကြည့်ကာ ဒီက သူငယ်ချင်း က နာမည်ဘယ်လိုလဲဟင်ဟု စတင်စကားပြောလာပါသည်"

ငါ့နာမည် မေမီလင်းညိုပါ "

ဟု ခပ်အေးအေးပြန်ဖြေလိုက်ပါသည်
မေမီလင်းညိုဆိုသော ကျွန်မသည် မခင်မင်သေးသောသူများနှင့်ဆိုမာနကြီးသည်မဟုတ်သော်လည်းခပ်တန်းတန်းပြောတာအကျင့်လိုဖြစ်နေသည်။

သူမလေးက​တော့ စကားပြောလျှင်တပြုံးပြုံးနှင့်ဖော်ဖော်ရွေရွေရှိလှသည် ။
ကိုယ်ကလည်း မခင်သေးလို့ပါ
တကယ်ခင်ပြီဆို မှ ပေါတောတောကြီးမှန်းသိကြတာ ပစ္စည်း များနေရာချပြီးစကားအတော်အတန်အသင့်ပြောပြီးသောအခါ
မေမေသည်

"ကဲသမီး  မေမေတို့ပြန်မယ်
စာမှန်မှန်ကျက် ဆရာမတွေစကားနားထောင်
သူငယ်ချင်း တွေနဲ့အဆင်ပြေအောင်နေနော်သမီး"

စိတ်မချနိုင်စွာတဖွဖွ မှာ နေရှာသည်။

မေမေတို့ကိုအဆောင်အပြင်သို့လိုက်ပို့တော့လည်းနန်းရွှေဖူးဆိုသော သူလေးကပါ လိုက်ပို့ပါသည်။

မေမေတို့ကားလေးထွက်သွားသောအခါ
ဝမ်းနည်းစိတ်တို့က ပြန်ဝင်လာပြီး ရင်ထဲဟာတာတာနဲ့ မျက်ရည် များကဝဲလာပြန်သည်။ဘေးက သူမလေးက

" ဟိတ်..ငိုချင်နေတာလား
အိမ်နဲ့မခွဲဖူးဘူးဆို ငါရှိတယ်သိလား မငိုနဲ့နော် လာ... အခန်းထဲပြန်သွားကြ​ရအောင်ဟုပြောလည်းပြော မေမီ့လက်ကိုလည်းတွဲကာ အဆောင်ထဲပြန်ဝင်လာကြသည်။

သူဇာWhere stories live. Discover now