အပိုင်း-34

402 33 6
                                    

မျက်စိရှေ့က မေမီတို့အတွဲကိုကြည့်ရင်း
ရွှေခြည့်အပြုံးတေ‌ွ အခုထိရပ်တန့်မရသေး

သူတို့နှစ်ယောက်ရဲ့ချစ်ခြင်းတွေကလည်း
အများတွေပြောသလို သဘာဝမကျတဲ့
ချစ်ခြင်းဆိုပေမယ့် သူတို့အချစ်တွေက
ရိုးရှင်းတယ် ဖြူစင်တယ် တစ်ယောက်နဲ့တစ်ယောက်ကြည့်လိုက်တဲ့အကြည့်တွေ အပြုံးတွေ ပြောလိုက်တဲ့ စကားလုံးရဲ့လေယူလေသိမ်း တွေတိုင်းမှာ နူးညံ့ခြင်း ချစ်ခြင်း ဂရုစိုက်ခြင်း
စိုးရိမ်ခြင်း ဖေးမခြင်းတွေကအတိုင်းသားမြင်နေရသည်။ ရည်းစားသဘာဝချစ်ကြ စိတ်ကောက်ကြ ချော့ပြီးပြန်တည့်ကြတာ လည်း ချစ်သူရည်းစားဘဝရဲ့ အနှစ်အရသာ ပျော်ရွှင်မှုလို့ပြောကြသလို

တစ်ယောက်အရိပ်တစ်ယောက်ကြည့်ပြီး
ချစ်လို့မဝ ဂရုစိုက်လို့အားမရ
ရန်ဖြစ်ဖို့နေနေသာသာ တစ်ယောက်မျက်နှာတစ်ယောက် အပြန်အလှန်အညှိုးမခံ သောချစ်ခြင်းတွေနဲ့ ချစ်ကြတဲ့ မေမီနဲ့သူဇာတို့ချစ်ခြင်းကလည်း တစ်မျိုးကြည်နူးစရာကောင်းလှသည်။

"အေးပါအေ ချစ်ကြတာ တော့ဝမ်းသာပါရဲ့
ညည်းတို့နှစ်ယောက်ကို ငါတစ်ခုတော့မနာလိုဘူးအေ"

"ပြောပါဉီး မနာလိုတဲ့အကြောင်းရင်းလေး"

မေမီမေးလိုက်တော့ အ‌ထူးခေါ် ဂျမ်းတောမကြီးက
မျက်နှာကြီးမဲ့ရွဲ့ကာ

"တို့များတော့ အခုမှ အစ်ကို့မျက်နှာလေးနာရီဝက်လောက်မြင်လိုက်ရတာအေ ဝေဖူးတို့ဆိုလည်း အပြင်ထွက်မှမြင်ကြတွေ့ကြရတာ နင်တို့ကျတော့ အိပ်ချိန်လေးတင်မတွေ့ရတာ တစ်နေကုန် တပူးပူးတတွဲတွဲ အဲ့တာမနာလိုတာဟေ့သိပလား"

"ဟားဟား...."

ခဏတုန်းက အစ်ကိုဆိုသော သတို့သားလောင်းကြီးနဲ့ပြောတဲ့လေသံ မျက်နှာအမူအယာနဲ့ ခြားနားစွာ
မေမီတို့ကို မနာလိုစကားပြောနေတဲ့ ဂျမ်းတောမကြီးကိုကြည့်ကာ ရီကြတော့သည်။

ဒါကိုဝေဖူးက စနောက်သေးသည်။

"အို အထူးကလည်း အစ်ကိုမရှိလည်း ဝေဖူးရှိတယ်လေ မေမီတို့ကိုအားကျရင် အဖူးနဲ့အထူးနဲ့ ယာယီတွဲကြမယ်လေ နော် "

သူဇာWhere stories live. Discover now