အပိုင်း-13

343 24 0
                                    

ဒီနေ့ ပိတ်ရက်မို့ မေမီတို့ အစောကြီးမထဘဲ အိပ်ယာထဲကွေးနေကြသည်။ ရာသီဥတုကလည်း သြဂုတ်လ ကုန်ခါနီးဆိုပေမယ့် မနက်နဲ့ညပိုင်းတွေဆို တော်တော်လေးအေးသည်မို့ ပိတ်ရက်ကလေးဇိမ်ယူနေကြသည်။

ဇိမ်ယူနေကြတုန်းရှိသေး တာဝန် မှူး စားပွဲမှခေါင်းလောင်းတီးသံ ထွက်လာတော့
အဆောင်သူများရုတ်ရုတ်သဲသဲ နှင့် အ​ဆဆောင်အောက်ထပ်တွင် စုဝေးကြသည်။

ခေါင်းလောင်းတီးသည်ဆိုတော့ ကိစ္စ တစ်ခုခုရှိပုံရသည် ။မေမီတို့လည်း မျက်နှာတောင်မသစ်ဘဲတန်းစီရာသို့ အပြေးအလွှားသွားကြရသည်။

လူစုံသောအခါ အဆောင်မှူးတီချယ်မြတ်မှ

"ကဲ ဒီနေ့ ပိတ်ရက် သင်တန်းသူတွေ အပြင်ထွက်ခွင့်ရတယ် မနက် ကိုးနာရီကနေ ညနေလေးနာရီအထိ လေးနာရီအတိမှာ အဆောင်ပြန်ဝင်ရမယ်နော် လေးနာရီထိုးတာနဲ့ဒီနေရာမှာလူပြန်စစ်မယ်အချိန်မှိီမရောက်ရင် ပြစ်ဒဏ်ခံရမယ်နော်ကဲ​ပြောချင်တာက ဒါပါပဲ တန်းဖြုတ်လို့ရပြီ"

တီချယ်ပြောအပြီး မေမီ သ်ိချင်တာဆို မြိုသိပ်မထားတတ်သည်မို့

"တီချယ် သမီးတစ်ခုလောက်မေးလို့ရလား
ရှင့်"

မေမီ အနောက်တွင်မို့ တီချယ့်အားအသံခပ်ကျယ်ကျယ်ပြောလိုက်သည်။ အဆောင်သူများလည်းမေမီ့ကိုကြည့်လာကြသည်။

"ကဲ ကျွန်မ သမီးလေး မေးစေ" တီချယ်မြတ်ကပြုံးစစနှင့် ပြောသည်။

"ဟိုလေ တီချယ် ဒီနေ့အပြင်ထွက်ခွင့်ပေးမှာကိုမနေ့ကတည်းက ဘာလို့မပြောတာလဲဟင်"

"အင်း ငါ့သမီးမေးလို့တစ်ခါတည်းပြောမယ်
အကုန်လုံး အခုသင်တန်းက နိုင်ငံ့ဝန်ထမ်းတွေကိုမွေးထုတ်ပေးတဲ့သင်တန်းကျောင်း သမီးတို့တွေတက်ခဲ့တဲ့ တက္ကသိုလ်တွေ အထက်တန်းကျောင်းတွေ လိုမဟုတ်ဘူး ရှောင်တခင်အမိန့်တွေ ပဲရှိတယ်
ကြိုပြောတာထုံးစံမရှိဘူး ပေါ်ပေါက်လာတဲ့
အခြေအနေပေါ်မှာမူတည်ပြီးမင်းတို့တွေက
သွားလာ နေထိုင်တတ်တဲ့အလေ့အကျင့်တွေ
ရအောင် ပေါ့ ခုလိုပြစ်ဒဏ်တွေ စားဖိုဆောင်ကမင်းတို့ နောက်ကွယ်မှာ စားလို့မကောင်းဘူးပြောနေကြတဲ့ ထမင်းဟင်းတွေ စားရတာ ဒါတွေဟာလည်းအလေ့အကျင့်တွေပဲ သင်တန်းတွေဆင်းလို့တာဝန်ကိုယ်စီကျတဲ့နေရာမှာ ဒီထက်ဆိုးတဲ့အခြေအနေတွေ လည်းတွေ့နိုင်တာမို့လေတီချယ်ပြောတာ သဘောပေါက်ပြီလား".

သူဇာWhere stories live. Discover now