အပိုင်း-14

365 24 0
                                    

ညပိုင်းစာကျက်ပြီးချိန်တွင် မေမီတို့ ရွှေခြည်နေ့လည်က ဝယ်လာသော သဘော်သီးထောင်းနဲ့မုန့်တွေရယ်ဝေဖူးဝယ်လာသော မုန့်ရယ် စားဖို့ပြင်ကြသည်။
ညနေက အေးဆေးစားချိန်မရတာမို့  ညပိုင်းမှအေးဆေးစားကြသည် ။

"မေသကြန်မလာသေးဘူးလား ဝေဖူး"

"ခေါ်ထားတယ် မေမီ သူ့မုန့်တွေရောယူလာဦးမယ်တဲ့"

"ဟျောင့်တွေ ငါ့အတင်းပြောနေကြတာလား ကွ"

မေမီတို့ ပြောနေတုန်းရှိသေး အခန်းဝမှာ ဝုန်းကနဲရောက်လာကာ စနောက်နေသော လောရှည်ကြီးပါ

"လာ လာ ဘာအတင်းမှ မပြောရဘူး ဆရာမရေနင်မလာသေးလို့ ငါမေးနေတာပါ"

ရော့ ဒီမှာကော်ဖီပါကင်လိုက်ပဲ ငါအိမ်က သယ်လာတာ နင်တို့အခန်းထဲပဲထားလိုက် နင်တို့စိတ်ကြိုက်သောက် ငါလည်းသောက်ချင်ရင်ဒီမှာပဲလာသောက်မယ် "

"ငါ ကော်ဖိိမသောက်တာနင်သိသားနဲ့ "

"မေမီ ကော်ဖီက ဝေဖူးရောရွှေခြည်ရောကြိုက်တယ်မင်းကိုလည်း ငါနေ့တိုင်းတိုက်မှာ မင်းကြိုက်သွားအောင်အကျင့်ကိုလုပ်ပေးဦးမှာ"

"သြော်ဒါနဲ့ ခက်တို့ဟန်သာတို့ ရောခေါ်လိုက်မယ်လေ"

မေသကြန် အပြောကြောင့် မေမီတို့သုံးယောက်သား.အသံတိတ်သွားကြသည်။

"ဟိုကောင်တွေက မင်းတို့ကိုပြန် ခေါ်ချင်နေကြတာမေမီမင်းက မသိသလိုနေနေတော့ ပြန်ခေါ်ဖို့ခက်နေတာတဲ့ ပြေလည်လိုက်ကြပါနော် ပျော်ပျော်ပါးပါး ပေါ့"

ထိုအခါ ရွှေခြည်က

"မသိသလိုလုပ်တာ အလကားမှမဟုတ်တာ
စမှားတာသူတို့လေ ငါတို့ကသဘောထားမသေးပါဘူး ဒါပေမယ့်တစ်ခုတော့ရှိတယ် မေသင်္ကြန် နင် ပြေလည်စေချင်ရင်ပြောထားသူတို့ကို ခွဲခြားခွဲခြားတွေ ဆရာကြီး လုပ်တာတွေဆို ရှေ့လျှောက်မရဘူးလို့ နင်နည်းနင့်ဟန်နဲ့ပြောထား ငါတို့က ငါတို့ သုံးယောက်ထဲကတစ်ယောက်ထိရင် မခံနိုင်ဘူး"

"အေးပါ ရွှေခြည်ရာ အမလေး မသိရင်နော်
နင်တို့တွေငယ်ပေါင်းထင်နေကြမယ် ငါနဲ့က
ငယ်ပေါင်းပါဟာ ငါကအကုန်အဆင်ပြေစေချင်လို့ပါ သူဇာတို့လည်းငါခင်ပါတယ်"

သူဇာWhere stories live. Discover now