မေမီတို့ အကြော်တွေ စားပြီးကာ ပန်းကန်တွေသိမ်းနေရုံရှိသေးတယ်
အောက်ထပ်မှ ခေါင်းလောင်းတီးကာ
အောက်ထပ်မှာလူစုရန် တာဝန်မှူး
သုံးယောက်အော်လေပြီမေမီတို့လည်း သိမ်းစရာရှိတာတွေအမြန်သိမ်းကာ
အောက်ထပ် လူစုရာနေရာသို့ဆင်းလာကြသည်။လူစုံသောအခါတီချယ်မြတ်က
"အဆောင်သူသမီးတို့ရေ ဒီနေ့ ကိုးနာရီကနေ
ညနေ နှစ်နာရီထိ အပြင်ထွက်ခွင့်ရကြတယ်နော်
အချိန်အကြာကြီးတော့မရဘူး
ညနေနှစ်နာရီအတိမှာ လူပြန်စစ်မယ် "အဆောင်သူများလှုပ်လှုပ်ရွရွဖြစ်ကာ ပျော်သွားကြသည် ဒီတစ်ပတ်အပြင်ထွက်ခွင့်( Day pass)
မရတော့ဘူးထင်နေတာ
မေမီလည်း အိမ်ပြန်ဖို့ အဝတ်အစားလဲ တော့သည်။
ဝေဖူးတို့လည်း သက်ဆိုင်သူတွေကိုလာကြိုရန်
ဖုန်းဆက်ဖို့အတွက် ဆိုင်ဖက်ထွက်သွားကြသည်။မေမီအဝတ်လဲ ပြင်ဆင်နေတုန်း အခန်းဝမှ
"လင်းညို... "
"ဟင်.. အချစ် အဲ ........သူဇာ မေ့ဆီလာတယ်"
"ရှင်က အိမ်ပြန်ရမှာမို့ပျော်နေတာပေါ့လေ ""အင်း ပေါ့သူဇာရဲ့ မေမေတို့ကိုလွမ်းလှပြီ"
ပြုံးရွှင်ကာပြောနေသူကြီးကို သူဇာ ခဏလေး
ခွဲရမှာကိုတောင် လွမ်းလှပါသည် ""အင်းပါ အိမ်မှာအေးဆေးမိဘတွေနား အနားယူခဲ့
နော် ခဏလေးဆိုပေမယ့် ချစ်ကိုလည်းမေ့ မနေနဲ့
ဦးနော် ချစ်က သတိရနေမှာသိလား"မေမီ ဝမ်းသာ ဝမ်းနည်းဖြစ်ရလေပြီ
သူ့ရဲ့ ချစ်ရသူလေးဟာ သူ့ကိုခဏလေးခွဲရမှာကို
တောင် သတိရနေမယ်တဲ့လေ သူ့မျက်ဝန်းမှာ
တကယ်အကြာကြီးခွဲရမယ့်သူတွေလို
အရိပ်အယောင်တေွနဲ့ ခက်ပါလား
မေ့အချစ်ဆုံးရယ်"သူ့လက် လေးကို အသာယာဆုပ်ကိုင်ကာ
မေ စောစောပြန်လာမယ်နော် အချစ်ဆုံး
မေလည်းသတိရနေမယ် မေမေတို့ကိုလည်း
ဒီချိန်လေးပဲတွေ့ရတာမို့ပြန်ရတာပါ နေ့စာတူတူစားပြီးတာနဲ့ပြန်လာမယ်နော် ""အင်းပါ အချစ် ရဲ့ အေးအေးဆေးဆေးသွား
နော် ချစ်ကဒီနေ့ဝယ်စရာလည်းမရှိတော့
အပြင်လည်းမထွက်တော့ဘူး ချစ် အခန်းထဲမှာပဲရှိနေမယ်နော် အဲ့တာဆို ချစ်အပေါ်ထပ်တက်တော့မယ်နော် အိမ်ပြန်မယ့်သူကြီးကို မျက်နှာ လေးခဏခဏဖြစ်ဖြစ်မြင်ရအောင် လာကြည့်တာ "
YOU ARE READING
သူဇာ
Romanceအညာမြေ မုံရွာသူ အချောအလှလေး သူဇာဆိုတဲ့ကောင်မလေးနဲ့ ရှမ်းပြည် နယ်တောင်ကြီးက မေမီလင်းညိုဆိုတဲ့ ကောင်မလေးတို့နှစ်ဦး တောင်ကြီးပညာရေး ကောလိပ်မှာ ဆုံတွေရာက ဖြစ်ပေါ်လာတဲ့ ချစ်ခြင်းတရားတွေ သူငယ်ချင်း အချစ် ဆရာတပည့်ကြားက နူးညံ့နွေးထွေးမှုတွေအပြည့်နဲ့ အရီ အပြ...