အပိုင်း-9

352 16 0
                                    

မေမီတို့ ပညာရေးကောလိပ် သည် လွန်စွာမှစည်းကမ်းတင်းကြပ်သည်။ ထို့ကြောင့် စည်းကမ်းချိုးဖောက်မိသူများသည် ကျောင်းဝင်းအတွင်း မြက်ပေါက် ခြင်းအိမ်သာဆေးခြင်း အားကစားကွင်းပတ်ပြေးရခြင်းအစရှိသည့် ပြစ်ဒဏ်များကို လည်း ခံကြရသည်။

"ပျင်းလိုက်တာ ပိတ်ရက်နှစ်ရက်ကလည်း
ဘယ်လိုကုန်သွားမှန်းမသိဘူး  ကွာ"

စလာပါပြီ မနက်အ​​​ေစာအားကစားကွင်းသို့အသွားဝေဖူးရဲ့ငြိးငြူသံ

"ကဲ ကဲ ငြီးမနေနဲ့ ဝေဖူးရေ မြန်မြန်သွားပြီး
တန်းစီကြစို့ တန်းစီနောက်ကျနေမှ
ဒေါ်သီတာမိုးလက်ဝါးစာမိနေမယ်
ဆရာမရေ"

အားကစားကွင်းထဲတွင် တန်းစီ နေစဥ်
ခက်ခက်ခိုင်သည် မေမီအား

"ဟျောင့် မေမီချိုချဥ်ပါလား ငါခေါင်းမူးလို့ "

"အေး ပါတယ် ရော့ရော့, မေမီအိပ်ကပ်ထဲမှ ချိူချဥ်ကို ခက်ခက်ခိုင်လက်ထဲထည့်ပေးနေတုန်းတီချယ် ဒေါ်မိုးသိီတာမြင်သွားလေးသည်။

"ဟိတ် ဟို အလယ်တန်းက နှစ်ယောက်ရှေ့ထွက်လာတန်းစီခိုင်းနေတာ ဘာလုပ်နေကြတာလည်း မင်းတို့"

သင်တန်းသူများအားလုံးအကြည့်သည် မေမီတိိုဆီစုပုံကျလာသည် ။

ခက်ခက်ခိုင်က မဆိုင်းမတွ

"သမီးခေါင်းမူးလို့မေမီ့နားချိုချဥ်တောင်းတာပါတီချယ်"

ခက် သည် အပြစ်မလုပ်ထားသည့်အလား
မျက်နှာကို ပင့်ချီထားကာပြန်ပြောသည်။

"ဘာ....... သင်တန်းချိန်တွေမှာ မုန့်မစားရဘူးလို့မပြောထားဘူးလား မင်းတို့ကို"

"ပြောထားပါတယ်တီချယ် ဒါပေမယ့်ခေါင်းမူးလာလို့ချိုချဥ်တော့ ငုံထားရတယ်ထင်လို့ပါ".

တစ်ခွန်းမကျန်ပြန်ပြောနေသောခက်နဲ့ တီချယ်ကြား မေမီ ဘာမှ ဝင်ပြောခွင့်မသာချေ

"ကဲ မင်းပြော မင်းကရော ချိုချဥ်ယူလာတာလား"

"အားလပ်ချိန်စားရအောင်ယူလာတာပါ
တီချယ် ခေါင်းမူးတယ်ဆိုလို့ သမီးက ခက်ကိုပေးမိတာ "မေမီ့အသံမှာ တောင်းပန်တိုးလျှ်ူးသံဖြင့် တီချယ်အား ပြောလိုက်သည်။

သူဇာWhere stories live. Discover now