နွယ် သူဇာ့ကို အခုလိုပွင့်ပွင့်လင်းလင်း ပြောလိုက်တာကောင်းပါတယ် သူတို့ပက်သက်မှုကို
သိသိရက်နဲ့ အတင်းဇွတ်တိုးနေရတာ
စိတ်ထဲမလုံဘူးလေသူဇာ့ဖက်ကိုတေွးတော့လည်း နွယ့်စကားကြောင့်
စိတ်အနှောက်အယှက်ဖြစ်သွားမှာလည်းသိပါရဲ့
အားနာစိတ်လည်းဖြစ်မိပါရဲ့ ဆရာမတစ်ယောက်ဖြစ်ပါလျက်နဲ့ မာနတွေ ဖယ်ကာပြောရတာ
နွယ့်အတွက်လည်း မလွယ်ကူပါဒါပေမယ့်မရရအောင်ယူပြမယ်လို့ ဗီလိန်ဆန်ဆန်
ပြောခဲ့တာမှမဟုတ်တာလေ ချစ်နေတာမို့
ကြိုးစားကြည့်ချင်တာပါ နွယ်မမှားပါဘူးလေ.............ခင်ညိုနဲ့တင့်ထူးလည်း သူဇာနဲ့အစ်မငွေစံမရှိတော့ထိုင်ခုံနေရာ ကကျယ်နေပေမယ့် စိတ်တေွက ဟာတာတာရယ်ပါ ဘာလိုလိုရီး ဟိုဖက်တန်းက မေမီကိုကြည့်တော့လည်း မျက်စိမျက်နှာပျက် ထမင်းမစားထားရတဲ့ရုပ်နဲ့ ဒီဖက်က လွတ်နေတဲ့ခုံနေရာကိုလှမ်းလှမ်းကြည့်ရတာလည်း အမော
ဒင်းတို့ နှစ်ယောက်က တွဲနေတာ သိရတော့
တင့်ထူးမှာ အံ့ဩမဆုံး သူဇာလို တေမိမင်းသမီးက
ချစ်တတ်တဲ့နှလုံးသားရှိသတဲ့ စကားတောင်
လေးလုံးကွဲအောင် မပြောတဲ့ ကောင်မကြီးကလေသဘာဝမကျတဲ့ဆက်ဆံရေးဆိုပေမယ့်
အချစ်တွေ ပြည့်လျှံနေကြကိုတော့ ဒင်းတို့ မျက်ဝန်းလှလှတွေထဲ မှာ မြင်နေရပါရဲ့အင်းလေ တစ်ယောက်နဲ့တစ်ယောက်ချစ်ကြပြီဆိုချစ်နေဖို့က အဓိကပဲလေ ကျန်တာအရေးမကြီးဘူးမလား အချစ်မှာအချစ်သာ လိုကြောင်း တင့်ထူး
ကိုယ်တိုင် သိတာမို့လေ ကိုယ့်လို ရုပ်ကြမ်း ကြီးကိုတောင် အစ်ကို က သဲသဲလှုပ်ချစ်တာမို့ ကိုယ်ချင်းစာပါတယ် ချစ်ကြသူတိုင်းလည်း တည်မြဲစေချင်ပါတယ်သင်တန်းသူတွေအတွက်ဒီနေ့သတင်းကောင်းက
နောက်တစ်ပတ်Monday လပတ်စာမေးပွဲစဖြေမယ်တဲ့လေ ...................စာအုပ်ပုံကြားထဲ ခေါင်းစိုက်ကြရတော့မှာမြင်ယောင်နေပါပြီ.......................
ညနေစာသွားစားတော့ မေမီ့အချစ်ဆုံးလေးက
မနက်က ဂျုတီပြောင်းပြီး မီးဖိုချောင်ထဲတွင်
ကူနေရတာမို့ အရိပ်လေးသာ မြင်လိုက်ရသည်။
YOU ARE READING
သူဇာ
Romanceအညာမြေ မုံရွာသူ အချောအလှလေး သူဇာဆိုတဲ့ကောင်မလေးနဲ့ ရှမ်းပြည် နယ်တောင်ကြီးက မေမီလင်းညိုဆိုတဲ့ ကောင်မလေးတို့နှစ်ဦး တောင်ကြီးပညာရေး ကောလိပ်မှာ ဆုံတွေရာက ဖြစ်ပေါ်လာတဲ့ ချစ်ခြင်းတရားတွေ သူငယ်ချင်း အချစ် ဆရာတပည့်ကြားက နူးညံ့နွေးထွေးမှုတွေအပြည့်နဲ့ အရီ အပြ...