Chapter ( 7 ) uni & zg

26.2K 1K 58
                                    

Unicode

ဆွေးမြေ့ အတော်နဲ့အိပ်လို့ မပျော် ဟိုဘက်လှည့် ဒီဘက်လှည့်နဲ့ အချိန်ကုန်နေတယ်။ အိပ်မပျော် တာ ကတော့ မနက်ကအကြောင်းတွေကိုပဲ ပြန်တွေးမိနေလို့။

" ဒီလူ ရုတ်တရက်ကြီး ဘာထကြောင်တာလဲ "

" ဘာကိစ္စ ငါ့ကို စိတ်ဝင်စားသွားရတာလဲ "

" ငါပြောတာ လွန်သွားလား သူ့ဝန်ထမ်းအရှေ့မှာ အငြင်းခံလိုက်ရတော့ ရှက်များသွားမလား "

" အာ ... ဘာပဲ နေနေ သူတောင် သူစိမ်းရှေ့ လာပြောသေးတာပဲ "

" ရည်းစားစကားပြောတာကလဲ အထာကြီးနဲ့
ကိုယ့်ကိုယ်ကို အထင်သိပ်ကြီးနေတာ ငါက သူ့လို လူရှုပ်လူပွေကို တွဲစရာလား "

" ဒါနဲ့ ငါ့ကို အလုပ်တော့ မထုတ်လောက်ပါဘူးနော် သူ့လို လုပ်ငန်းရှင်က အလုပ်နဲ့ personal ကို ခွဲတတ်လောက်ပါတယ်နော် ... မခွဲရင်ရော ဘယ်လိုလုပ်မလဲ .... အားးး စိတ်ရှုပ်လာပြီ"

" တောင်းပန်သင့်လား ... ငါ့မှမမှားတာ မတောင်းပန်ချင်ဘူး ... ဒါပေမဲ့လဲ ငါစကားပြောတာတော့ နဲနဲလွန်တယ်ထင်တယ်... ဟူးး..."

ဆွေးမြေ့မှာ တစ်ယောက်ထဲ စကားတွေ ပြောနေမိတယ်။ ဟိုဘက်က ထက်နေသူကတော့ အိပ်နေတာများ သိုးလို့ ။ သူကသာ အိပ်မရတာ ။ ည ၁၂ တောင်ရှိနေပြီ .. မနက်လဲ အလုပ်ကရှိသေးတယ်။သူအိပ်မရတဲ့အဆုံး ဖုန်းခနသုံးရန်တွေးလိုက် တော့၏။

ဖုန်းလေးဖွင့်ပြီး fb လေးဟိုဆွဲဒီဆွဲလုပ်နေသော noti တက်လာလို့ကြည့်လိုက်တော့ friend request ကဖြစ်နေတယ် ။ ဆွေးမြေ့ကြည့်လိုက် တော့ လာ add ထားသူကြောင့် မျက်လုံးပင်ပြူးသွားရသည်။

Acc name က Lin Nyoh Mhine ဆိုသောအ
ကောင့်ပင်

" ဒီလူ ဒီချိန်ကြီးထိ မအိပ်သေးဘူးလား "

ဆွေးမြေ့ လက်ခံရကောင်းမလား မကောင်းမလား ဝင်ခွဲမရပေ။ ဘယ်လိုပဲနေနေ ကို့ သူဌေးပဲမို့ confirm လုပ်လိုက်တော့သည်။

ချွင် ....

ချက်ခြင်းစာဝင်လာ၏။ ဆွေးမြေ့လဲ ချက်ခြင်း
ဝင်ကြည့်မိလိုက်၏။

Lin Nyoh : ဆွေးမြေ့အိမ်

Sway Myae : ဟုတ်ကဲ့

Lin Nyoh : ဒီချိန်ကြီး ထိမအိပ်သေးပဲဘာလုပ် နေတာလဲ

မှိုင်းညှို့အိမ် ( Complete) Where stories live. Discover now