Chapter ( 22 ) uni & zg

20.7K 887 36
                                    

Unicode

ရုံးပြန်တက်ရက်က အနည်းငယ်ပျင်းစရာ
ကောင်းနေ၏။ ခရီးတွင် လင်းညှို့နဲ့အတူရှိခဲ့ကြတဲ့ အချိန်တွေကို လွမ်းလို့ဖြစ်သည်။ တူတူစားကြတယ်၊တူတူလမ်းလျှောက်ကြတယ်၊ ရေလဲဆော့ခဲ့တယ် ၊ ပြီးတော့ ညတိုင်းလဲ နမ်းဖြစ်ခဲ့ကြပြီး ရင်ခုန်စရာအချိန်တွေကို ဖြတ်သန်းခဲ့ကြတာလေ။ မသိရင် တကယ့်ချစ်သူတွေ ပျားရည်စမ်းခရီးထွက်ရသလိုကို သူခံစားခဲ့ရသည်။

လင်းညှို့က လူရှေ့သာ မျက်နှာတည်နှင့် ဖာသိဖာသာနေပေမဲ့ နှစ်ယောက်ထဲရှိနေတဲ့ချိန်တွေဆို သူ့ကို ဂရုစိုက်ပြီစားချင်သမျှလဲဝယ်ကျွေးသည် တစ်ယောက်နဲ့တစ်ယောက်ရင်းနှီးချင်လျှင် ခရီးထွက်ရတယ်ဆိုတာ မှန်၏။ တကယ်ကို ဒီခရီးလေးက သူ့အတွက် ချိုမြိန်လွန်းသည်။ စကားတွေ အများကြီးပြောခဲ့ကြပြီး ပွင့်ပွင့်လင်းလင်းပြောဆို ဆက်ဆံခဲ့ကြသည်။ လင်းညှို့က
ညအိပ်ချိန်မှသာ သူ့အခန်းထဲက ပြန်တက်သည်။
တကယ်ဆို ဒီခရီးစဉ်လေးကို လုံးဝမှမပြီးဆုံး
ချင်တာပင်။

" ဒီနေ့မှ ရုံးပြန်တက်ရတာကို မင်းမျက်နှာကြီးက ရှူံ့မဲ့နေတာပဲ တော်တော်မှ ပျော်လာခဲ့ရဲ့လား"

နေသူက သူ့ရှေ့က စားပွဲတွင်ဝင်ထိုင်ရင်း ငေါ့ပြောလေတော့သည်။

" ပျော်တာပေါ့ဟမနက်နိုးလာရင် ပင်လယ်ကြီးကို ကြည့်လိုက် နေဝင်သွားရင်လဲ လှိုင်းပုတ်သံလေးကို နားထောင်လိုက် ညကျရင်လဲ "

ဆွေးမြေ့ကစမြှပ်ပြန်ပြောနေရင်း အရှိန်ပါသွားသဖြင့် ရပ်လိုက်ရသည်။

" ဆက်ပြောလေ ညကျဘာဖြစ်တာလဲ "

နေသူက မျက်ခုံးတန်းများတွန့်ကွေးသည်အထိ ကြည့်ကာ မေးလာ၏။

" အော် ညကျရင်လဲ မီးပုံဘေးမှာ အကင်လေးစားရင်း ဖြတ်သန်းရတာလို့ပြောတာပါ "

တကယ်ပြောချင်တဲ့စကားတွေကို မြိုသိပ်
လိုက်ရသည်။ ညကျရင်လဲ .. ဟိဟိ ..

ဆွေးမြေ့တစ်ယောက် ခုနကနဲ့မတူစွာ အတွေးပေါက်သွားပြီး ပြုံးစိစိဖြစ်နေပြန်သည်။

" အဟင်းနော် အဟင်း "

" ဟဲ့ကောင် ချောင်းဆိုးနေတာလား "

မှိုင်းညှို့အိမ် ( Complete) Where stories live. Discover now