Unicode
Lin Nyoh : ၇နာရီကျရင် လာခေါ်မယ် dinner အတူစားရအောင် .....
ဝင်လာတဲ့ စာလေးကိုကြည့်ပြီး ဆွေးမြေ့အံ့ဩရပြန်သည်။ လူတစ်ယောက်က ရုတ်တရက်ကြီး အဲလိုပြောင်းလဲနိုင်လို့လား။ ဆွေးမြေ့ ဆက်မတွေးချင်တော့ပေ။ သူပြောတဲ့အတိုင်းသာ လုပ်ရုံပဲ စဉ်းစားထားလိုက်၏။ တစ်နေ့တာကလဲ အားရတယ်မရှိ အလုပ်တွေ ရှုပ်ရင်း ညနေ ရုံး
ဆင်းသွားပြန်သည်။ အဆောင်ပြန်ရောက်တော့ ၅နာရီခွဲလေပြီ။ သူလဲ ခနနားပြီးမှ ရေချိုးရန် တွေးထားလိုက်၏။ ကုတင်ပေါ်တွင်လှဲကာ ဖုန်းသုံးနေတုန်း ကိုခန့်ဆီမှ ဖုန်းဝင်လာ၏။" ဟယ်လို ကိုခန့် "
" ဆွေး အဆင်ပြေရဲ့လား "
" ဘာကိုလဲ ကိုခန့် "
" အော် မနေ့က သောက်တာများသွားတဲ့ပုံမို့လေ ဒီနေ့ နေရထိုင်ရအဆင်ပြေလားလို့ပါ "
" ပြေပါတယ် ကိုခန့်ရဲ့ ခုနကပဲ ရုံးက ပြန်ရောက် တယ်လေ "
" အလုပ်တွေ ပန်းနေပြီလား "
" ပန်းတယ်လဲ မဟုတ်ပါဘူးဗျာ ဒီလိုပါပဲ "
" အင်းပါ .. ဒါဆို ကိုယ်တို့ မနက်ဖြန် တွေ့ကြမလား "
" အာ မနက်ဖြန်က .. "
" ကိုယ် ဆွေးနဲ့စကားအေးဆေးပြောချင်တယ် မနေ့က အလျင်စလို ဖြစ်သွားလို့လဲ တောင်းပန် ချင်လို့ "
" တောင်းပန်စရာမလိုပါဘူး ကိုခန့်ရာ "
" ကိုယ် ဆွေးကို ညစာ လိုက်ကျွေးပါရစေ"
" ဟုတ်ကဲ့ပါကိုခန့် အချိန်နဲ့ နေရာလေး ပို့ထားပေးလေ ကျွန်တော်လာခဲ့ပါမယ် "
" ကိုယ်လာခေါ်ပါရစေ "
" အာနေပါစေ ကျွန်တော့်ဘာသာပဲလာပါ့မယ် "
" ကိုယ့်ကို အားမနာပါနဲ့ ဆွေးရာ လာခေါ်မယ် နော် အချိန်ကိုလဲ ပြန်ပြောမယ် "
" ဟုတ်ကဲ့ပါ ကိုခန့် "
" ကျေးဇူးပါဆွေး ဒါဆို နားတော့လေ ကိုယ်ဖုန်းချလိုက်တော့မယ် "
" ဟုတ်ကဲ့ "
ဆွေးမြေ့ ဖုန်းလေးချပြီးတာနဲ့တွေးတောရပြန်သည်။ ကိုခန့် ဖွင့်ပြောလာတာကို သူဘယ်လို တုန့်ပြန်ရပမလဲ ။ ရင်ခုန်သလား သူ့ကိုယ်သူ ပြန်စမ်းစစ်ကြည့်တော့ အမှန်တိုင်းဝန်ခံရရင် အရင်ကလိုတော့မဟုတ်ပေ။ အရင်ကဆိုတာ သူ့တို့စတွေ့တုန်းကအချိန်ကပင်။ ခုက ကိုခန့်ကို စဉ်းစားပေးခွင့်တောင် ရှိရဲ့လား သူ့မှာက ceo ရှိနေပြီလေ ။ ဘယ်ချိန်ထိရှိနေမလဲ ဆိုတာ သေချာမသိပေမဲ့ လက်ရှိသူ့မှာ တွဲနေတဲ့သူရှိတယ်မို့လား။
ဒီကိစ္စကို မိရွှန်းနဲ့ နေသူကို ပြောပြတိုင်ပင်ဖို့တော့ လိုနေလေပြီ။ နေသူကလဲ သူ့အိမ်ပြန်အိပ်တဲ့နေ့က များတာမို့ အဆောင်မှာ ဆွေးမြေ့ တစ်ယောက်ထဲဖြစ်နေသည်။ ဒါလဲတစ်ခုကောင်းတယ် ပြောရရမည်။ မဟုတ်ရင် သူခြေလှမ်းပျက်တာတွေ အတွက် စောစောမိသွားနိုင်သည်။
![](https://img.wattpad.com/cover/371935923-288-k351931.jpg)
YOU ARE READING
မှိုင်းညှို့အိမ် ( Complete)
Lãng mạnWarning ⚠️ ပေးတာမို့ Sensitive ဖြစ်လျှင်ကျော်ဖတ်ပါရန် မေတ္တာရပ်ခံအပ်ပါတယ် Party တစ်ခုမှ ဆေးမိပြီး လူတစ်ယောက်နဲ့အိပ်ခဲ့မိတယ်။ အဲလူက ကျွန်တော့်အလုပ်ရှင်ဖြစ်နေတယ် ၊ ကံကောင်းတာတစ်ခုက သူက ကျွန်တော့်ကို မမှတ်မိဖူး ။ စိတ်မရှည်တဲ့ CEO နဲ့ ပြာယာခပ်ပြီး မဟု...