Unicode
( Warning- ❗️အပြောအဆိုကြမ်းတာတွေ မကြိုက်ရင် ဒီအပိုင်းကိုကျော်ဖတ်ပါလို့ပြောပါရစေ။ အသက်မပြည့်သေးတဲ့ ကလေးတွေ ဖတ်မိရင်လဲ အားနာနာနဲ့ပဲ တောင်းပန်ပါတယ်ရှင်။ အတုယူ စရာ ပညာ ရစရာ မပါတဲ့ အတွက် emma fic တွေကို သဘောမကျရင် drop သွား
နိုင်ပါတယ် ။ စိတ်ကူးသက်သက်သာ မို့
ဇာတ်လမ်းကို မကြိုက်တဲ့ရင် ကြိုတင်တောင်း
ပန်ပါတယ်ရှင့် )(A-N = ပထမရေးထားသလိုမဟုတ်တော့ပဲ + ခန်းကို ဖြုတ်ချထားပါတယ် ၊ ဖတ်ချင်သူတွေအတွက် Telegram မှာဆင်ဆာအခန်းတွေကိုတင် ပေးပါ့မယ် ။ )
ဆွေးမြေ့စိတ်တွေ အတော်ကို စိတ်လှုပ်ရှားနေ
သည်။ ရည်းစားထားပြီဆို အိပ်ယာပေါ်က ကိစ္စတွေ ပါလာတာဟာ အစမ်းမဟုတ်ပေမဲ့ ဒီနေ့မှ သူတို့က စတွဲမှာလေ ၊ တွဲတွဲခြင်းကြီး တန်းအိပ်ဖို့က အရမ်းစောလွန်းမနေဘူးလား ။ အင်းပေါ့လေ ceo က သူ့နဲ့ sex လုပ်ဖို့ကို အဓိက ထားတာမို့လား။ တစ်ယောက်နဲ့တစ်ယောက်ချစ်ကြ လို့တွဲမှာမှမဟုတ်တာ ၊ သူကလဲ ငွေလိုလို့ ceo ကလဲ သူ့ ခန္ဓာကိုယ်ကို လိုချင်လို့၊ အဲတော့ ခုလို ကိစ္စက ဆန်းမှမဆန်းတော့ပဲ။တင် ...
ဓာတ်လှေကားလေး ပွင့်သွားသည်နှင့် လျှောက် လမ်းကိုမြင်လိုက်ရသည်။ ဆွေးမြေ့လဲ သူသွားရမဲ့ အခန်းကို လိုက်ရှာရတော့သည်။ နောက်ဆုံးတွင်တော့ 905 ဆိုတဲ့ အခန်းရှေ့ရောက်ခဲ့ပြီ။ ဘေးတစ်စိုင်းလွယ်ထားတဲ့ လွယ်အိတ်ကျိုးလေးကို ကျစ်ကျစ်ပါအောင် ကိုင်ထားပြီး သက်ပြင်းချကာ တံခါးခေါက်လိုက်တော့၏။
ဒေါက် ... ဒေါက် ..
တံခါးအား ၃ခါလောက်ခေါက်အပြီးတွင်တော့ ပွင့်သွားခဲ့ပြီ။
ကျွီ....
တံခါးဖွင့်ဖွင့်ခြင်းမြင်လိုက်ရတာက bathrobe ဝတ်ထားပြီး ရေဆိုနေသော ဆံပင်များကို တဘက်တစ်ထည်နဲ့သုတ်နေသော သူ၏ အသစ်စက်စက် ရည်းစားပင်
" နောက်ကျတယ် "
" bus နဲ့မို့ နဲနဲနောက်ကျသွားတာပါ "
" ဝင်ခဲ့ "
လင်းညှို့က ရှေ့က အရင်ထွက်သွားသဖြင့်
ဆွေးမြေ့လဲ တံခါးလေး ပြန်ပိတ်ကာ ဝင်ခဲ့လိုက် တော့၏။ hotel အခန်းက အိမ်တစ်ခုစာလောက် ကို ကျယ်ဝန်းသည်၊ အရင်ဆုံး ဧည့်ခန်းကို တွေ့ရ၏။ လင်းညှို့ ဆိုဖာတွင် ဝင်ထိုင်ကာ ဆွေးမြေ့ကိုလဲ ထိုင်စေရန် မေးဆတ်ပြလိုက်သည်။
![](https://img.wattpad.com/cover/371935923-288-k351931.jpg)
YOU ARE READING
မှိုင်းညှို့အိမ် ( Complete)
RomanceWarning ⚠️ ပေးတာမို့ Sensitive ဖြစ်လျှင်ကျော်ဖတ်ပါရန် မေတ္တာရပ်ခံအပ်ပါတယ် Party တစ်ခုမှ ဆေးမိပြီး လူတစ်ယောက်နဲ့အိပ်ခဲ့မိတယ်။ အဲလူက ကျွန်တော့်အလုပ်ရှင်ဖြစ်နေတယ် ၊ ကံကောင်းတာတစ်ခုက သူက ကျွန်တော့်ကို မမှတ်မိဖူး ။ စိတ်မရှည်တဲ့ CEO နဲ့ ပြာယာခပ်ပြီး မဟု...