Unicode
ဆွေးမြေ့နဲ့ ခွန်းစစ် ဆေးရုံသို့ အတူရောက်နေကြသည်။ ဒီနေ့က မေချိုရဲ့ ဆေးရုံဆင်းရက်မို့ taxi နဲ့ ပြန်လိုက်ပို့ဖို့ရာကနေ ခွန်းစစ်က သိသွားကာသူလဲ မေချိုကို တွေ့ပြီး ပိတ်ရက်လဲဖြစ်တာမို့
ဂေဟာကို ကိုယ်တိုင်ပို့ပေးမည်ဆိုသဖြင့် လိုက် လာခြင်းပင်။ သူတို့ နှစ်ယောက်လဲ မေချိုအခန်းရှိရာသို့ တက်ခဲ့လိုက်ကြသည်။ အထဲရောက် တော့ မသူဇာက အထုပ်တွေသိမ်းနေ၏။ မေချိုကတော့ ကုတင်ပေါ်တွင် စာအုပ်ဖတ်နေသည်။" အော် ဆွေးမြေ့လာပြီ "
မသူဇာက လှမ်းနှုတ်ဆက်ပြီး မေချိူကလဲ ပြုံး၍ကြည့်လာသည်။
" ဧည့်သည်ပါလာတာပဲ "
" သားလေး ဧည့်သည်ကို ထိုင်ခိုင်းလိုက်ပါအုံး "
မသူဇာနဲ့ မေချိုက ရုတ်တရက်မို့မမှတ်မိဖြစ်နေကြသည်။
" ဘယ်က ဧည့်သည်ရမှာလဲ သေချာကြည့်ပါအုံး ဘယ်သူလဲလို့ "
" အန်တီချို "
ခွန်းစစ်က ပြုံးပြလျက် မှတ်မိစေရန် ကုတင် ဘေးက ခုံတွင် ဆွေးမြေ့နဲ့အတူဝင်ထိုင်လိုက်၏။
" သား သားခွန်းစစ်လေးပါလား အမလေးတော် ဒီလောက်ချောပြီး အရပ်ကြီးရှည်လာမှတော့ ဒီကအဖွားကြီးက မမှတ်မိလိုက်တာပါ သားကို သတိရနေကြတာ "
" ဟုတ်ပတော် ခွန်းစစ်က တကယ့်ကို မင်းသားကျနေတာပဲ "
မသူဇာကလဲ ခုမှ မှတ်မိကာ သေချာနှုတ်ဆက် တော့သည်။ မေချိုရော မသူဇာရောက တကယ်ကို ဝမ်းသာနေကြပုံ။
" မြှောက်နေပြန်ပါပြီဗျာ .. ကျွန်တော်လဲ အားလုံးကို သတိရနေတာပါ "
" သား မေမေရော နေကောင်းရဲ့လား မတွေ့ရတာ ဘယ်နှစ်နှစ်တောင်ရှိနေပြီလဲကွယ် "
" ကျွန်တော် နောက်ဆုံးနှစ်မှာ မေမေ လေဖြတ် သွားတယ်လေ အဲတာကြောင့်ကျောင်းပြီးတာနဲ့ မေမေဆီတန်းပြန်ရတော့တာပါပဲ ဟိုမှာပဲ အခြေချနေဖြစ်ခဲ့တာဆိုပါတော့ အန်တီချိုရယ်"
" ကြားရတာ စိတ်မကောင်းလိုက်တာကွယ် ခုတော့ သက်သာပြီလား အခြေအနေဘယ်လိုရှိလဲကွဲ့ "
![](https://img.wattpad.com/cover/371935923-288-k351931.jpg)
YOU ARE READING
မှိုင်းညှို့အိမ် ( Complete)
Lãng mạnWarning ⚠️ ပေးတာမို့ Sensitive ဖြစ်လျှင်ကျော်ဖတ်ပါရန် မေတ္တာရပ်ခံအပ်ပါတယ် Party တစ်ခုမှ ဆေးမိပြီး လူတစ်ယောက်နဲ့အိပ်ခဲ့မိတယ်။ အဲလူက ကျွန်တော့်အလုပ်ရှင်ဖြစ်နေတယ် ၊ ကံကောင်းတာတစ်ခုက သူက ကျွန်တော့်ကို မမှတ်မိဖူး ။ စိတ်မရှည်တဲ့ CEO နဲ့ ပြာယာခပ်ပြီး မဟု...