Chapter ( 3 ) uni & zg

83.5K 3.4K 225
                                        

Unicode

" လခွမ်းပဲဟေ့ ၁၅ မိနစ်ပဲ ကျန်တော့တယ် .. ဒီလောက်အစောကြီး ထွက်လာတာကို လူကျပ် နေတယ်ကွာ နောက်ကျတော့မှာပဲ "

လိုင်းကားပေါ်တွင် မတ်တပ်ရပ်ရင်း နာရီတကြည့်ကြည့်ဖြင့် စိတ်မောနေရ၏။ ဒီမီးပွိုင့်မှာတင်
အတော်ကို ကြာနေပြီ၊ ရောက်ခါနီးမှ ကြာနေသ
ဖြင့် ဆွေးမြေ့ စိတ်ညစ်နေပြီ၊ ရှေ့ဆို The Rainbow အဆောက်အဦးကြီးကိုတောင် ရေးရေးမြင်နေရပြီ။ သူဆက်၍မစောင့်နိုင်တော့သဖြင့် ဆင်းရန် အချက်ပြကာ အသော့နှင်တော့၏။ တင်ပါးနဲ့ ဖနောင့် တစ်ထပ်ထဲကျအောင်ပြေးရတော့သည်။

လမ်းမပေါ်က BMW ကားအနက်ကလေးဟာလဲ အပြေးသမားနဲ့ထပ်တူမောင်းနှင်နေ၏။
လင်းညှို့ကားဘေးသို့တစ်ချက်ကြည့်ကာ

" မာရသွန်တောင်ပြိုင်လိုက်ဖို့ကောင်းတယ် "

" ဗျာ .. boss "

" ဘာမှမဟုတ်ဘူး မြန်မြန်မောင်း "

" Yes boss "

နောက်ဆုံးတော့ ကားအမဲလေးက အပြေးသမားလေးကို ကျော်တက်သွားပြီ။

" ဟူးး ... ဟင်းး "

မှန်တံခါးတွေ အပြည့်ကာရံထားတဲ့ ၁၀ ထပ်ရှိသော အဆောက်အဦးကြီးရှေ့တွင် ဟောဟဲ
ဆိုက်ကာ အမောဖြေနေရ၏။ နာရီကို ကြည့်
လိုက်တော့ ၈ နာရီ ၅၅ ။

" ဟူးး ... တော်ပါသေးရဲ့ "

မလာခင်က ပြင်ဆင်လာခဲ့သမျှက ခုတော့ အတော်ကို ဖရိုဖရဲ ဖြစ်နေလေပြီ ။ အနေအထားပြင်လိုက်ပြီးမှ အထဲသို့ဝင်ခဲ့လိုက်၏။ ဝင်ဝင်ခြင်းမှာပဲ The Rainbow ဆိုတော့ စာတန်းကြီးနဲ့ ကြီးမားသော ကောင်တာတစ်ခုကိုရှိသည်။ ဆွေးမြေ့လဲ ကောင်တာထံ ခပ်မြန်မြန်သွားလိုက်ပြီး

" မင်္ဂလာပါ ဗျ Marketing က အသစ်ဝင်တဲ့ ဆွေးမြေ့အိမ်ပါ "

" အော် မောင်လေးက ဆွေးမြေ့အိမ်လား အမက ရတီမိုးပါ "

" အာ ဟုတ်ကဲ့အမ "

" ရော့ရော့ ဒီမှာ finger နိုပ်လိုက်အုန်း "

" ဟုတ်ကဲ့ "

" ပြီးရင် ၇ ထပ်ကို တက်သွားလိုက် အဲက စာရေးမတွေက လိုအပ်တာပြောလိမ့်မယ် "

မှိုင်းညှို့အိမ် ( Complete) Where stories live. Discover now