Unicode
လင်းညှို့ သူ့ရုံးခန်းတွင်းက အိပ်ခန်းဆီကို ခေါ်လာခဲ့၏။ အခန်းထဲရောက်တာနဲ့ ဆိုဖာတွင် ထိုင်စေကာ သူလဲဘေးတွင် ဝင်ထိုင်၏။
ဆွေးမြေ့က ခေါင်းလေးငုံ့ကာငြိမ်သက်နေသည်။ လင်းညှို့ကလဲ ဘယ်ကစပြောရမလဲစဉ်းစားနေရ၏။ နှစ်ယောက်လုံး အတန်ကြာငြိမ်သက်နေပြီးမှ" ကျွန်တော် တောင်းပန်ပါတယ် ceo "
ခေါင်းလေးငုံ့လျက် တိုးညင်းစွာဆိုလာသည်။
" စိတ်ခံစားချက်ကို မထိန်းချုပ်နိုင်ပဲ လုပ်ချင်ရာ လုပ်ခဲ့မိတယ် ceo ရဲ့ သိက္ခာကို မတွေးလိုက်နိုင်ပဲ ရိုင်းခဲ့မိပါတယ် ကျွန်တော့်ကို စိတ်မဆိုးပါနဲ့ ပြီးတော့ဆူလဲမဆူပါနဲ့ဗျ တောင်းပန်ပါတယ် "
" မြေ့အိမ်.... ကိုယ့်ကိုကြည့် "
ကောင်လေးက ခေါင်းကို ငုံ့ကာ အတွင်တွင်
တောင်းပန်နေတာမို့ လက်နှစ်ဖက်ကို ဆွဲယူကာ ပြောလိုက်သည်။" ....... "
" ကိုယ့်ကို မော့ကြည့်ပါအုံး "
ထိုအခါမှပဲ မျက်နှာငယ်လေးနဲ့မော့ကြည့်လာ၏။ ခုကျတော့လဲ ခုနကသောင်းကျန်းခဲ့တာသူမဟုတ်သလိုပင်။ စွာတဲ့ပုံလေးကလဲ ချစ်ဖို့ကောင်းသလို ငြိမ်ကုပ်ကုပ်မျက်နှာလေးကလဲ အသဲယားစရာကောင်းပါ၏။
" ကိုယ်က ဘာလို့စိတ်ဆိုးရမှာလဲကွာ စိတ်လဲ
မဆိုးဘူး ဆူလဲမဆူဘူး "" အလုပ်နဲ့ ကိုယ်ရေးကိုယ်တာကို ခွဲခြားထား
မယ်ဆိုပြီး လျှို့ဝှက်ထားခဲ့ပြီးမှ ခုတော့ ...
ကျွန်တော်ကိုယ်တိုင်က မဆင်မခြင်လုပ်လိုက်မိတယ် ဧည့်သည်တွေရှေ့မှာ ceo ရဲ့ သိက္ခာကျအောင် လုပ်လိုက်မိပြီ "" မြေ့အိမ် ကိုယ်ပြောပြမယ် .... လျှို့ဝှက်ချင်တဲ့ ကိစ္စကို သဘောတူတယ်ဆိုတာကလေ မလိုအပ် တဲ့ အတင်းအဖျင်းတွေကြောင့် မင်းစိတ်ညစ်ရမှာစိုးလို့ .... ခုဆို မြေ့အိမ်က ဌာနမှာနေရာတစ်ခုရှိလာခဲ့ပြီ အရည်အချင်းရှိလို့လဲ အစည်းအဝေးတွေမှာ ပါဝင်ခွင့်ရလာပြီ ဒါက မင်းတော်လို့ပဲ
သို့ပေမဲ့ ဒါတွေက ကိုယ်တို့ ပတ်သတ်မှုကြောင့် ရလာတာလို့ ပြောကြလိမ့်မယ် ၊ ကိုယ်ကဘက် လိုက်လို့ပါဆိုတဲ့စကားသံတွေကို ကြားရလိမ့် မယ် ၊ ပုပ်ခက်မှုတွေကို အနည်းနဲ့အများရှိလာ
လိမ့်မယ် "
![](https://img.wattpad.com/cover/371935923-288-k351931.jpg)
YOU ARE READING
မှိုင်းညှို့အိမ် ( Complete)
RomanceWarning ⚠️ ပေးတာမို့ Sensitive ဖြစ်လျှင်ကျော်ဖတ်ပါရန် မေတ္တာရပ်ခံအပ်ပါတယ် Party တစ်ခုမှ ဆေးမိပြီး လူတစ်ယောက်နဲ့အိပ်ခဲ့မိတယ်။ အဲလူက ကျွန်တော့်အလုပ်ရှင်ဖြစ်နေတယ် ၊ ကံကောင်းတာတစ်ခုက သူက ကျွန်တော့်ကို မမှတ်မိဖူး ။ စိတ်မရှည်တဲ့ CEO နဲ့ ပြာယာခပ်ပြီး မဟု...