Chapter ( 18 ) uni & zg

67.2K 2.2K 64
                                        

Unicode

" ဒီအချိန်ကြီး မင်းဘယ်က ပြန်လာတာလဲ ဆွေးမြေ့ "

နေသူရဲ့အသံက ခုချိန်မှာအလွန်တရာမှကြောက် စရာကောင်းနေလေသည်။ ဆွေးမြေ့မှာ ချွေးတွေပါပျံလာပြီး မသိမသာ တံတွေးမျိုချမိလိုက်၏။ တိတ်ဆိတ်နေသော အခန်းတွင်းတွင် မျက်နှာ
ခြင်းဆိုင် ကြည့်နေကြပြီး ဘာပြောရမှန်းမသိ
ဖြစ်နေရသည်။

နေသူက ထိုင်နေရာမှထကာ သူ့ဆီသို့တဖြည်းဖြည်းလျှောက်လာလေသည်။ ဆွေးမြေ့ကတော့ လက်သီးကိုဆုပ်ထားပြီး ခြေချောင်းလေးတွေကိုပါ ကုပ်ထားမိ၏။ နေသူကလဲ တဖြည်းဖြည်း သူအနားတိုးကပ်လာသည်မို့ နောက်ဆုတ်နောက် ဆုတ်နဲ့ တံခါးနဲ့ ကျောပါကပ်မိသွားတော့သည်။ သူ့မှာပြေးပေါက်မရှိတော့ပေ။ ထို့ကြောင့် ဦးနှောက်ကို အမြန်အလုပ်ပေးရတော့၏။ အကောင်းဆုံးဆင်ခြေကို သူစဉ်းစားရတော့မည်။

" မော့စမ်း "

ထက်နေသူက ပြောလဲ ပြောကာ သူ့မေးကိုပင့်လျက် ဟိုလှည့်ဒီလှည့်လုပ်ကာ လှည့်ပတ်ကြည့်နေသည်။

" ဘာတွေလုပ်နေတာလဲ "

" ငြိမ်ငြိမ်နေ ငါမင်းကို စစ်ဆေးနေတာ "

ထက်နေသူက သူ့လည်ပင်းတွေကို သေချာကြည့်ကာ ခန္ဓာကိုယ်ကိုလဲ အနှံ့လှည့်ပတ်ကြည့်နေပြန်သည်။ သူ့လည်ပင်းတွေကိုလဲ သေချာကြည့်နေတာပင်။ ဆွေးမြေ့တစ်ယောက် လင်းညှို့ကို အတော်ကို ကျေးဇူးတင်မိသွားရသည်။ လည်ပင်းမှာ အမှတ်တွေ မပေးပဲ ရင်ဘက်တွေမှာလဲ ပေးခဲ့တာကို ကျေးဇူးတင်နေရသည့်အဖြစ်ပင်။

"မင်းဘာဖြစ်နေတာလဲ နေသူရာ ဖယ်စမ်းပါ"

ဒီပုံတိုင်းဆို ပေါ်သွားနိုင်သည်မို့ ခပ်တည်တည် ပိတ်ဟောက်ပစ်ကာ သူ့ကုတင်ဆီလျှောက်သွားလိုက်၏။ နာနေသော ကျောကို သည်းခံကာ ဟန်မပျက် ဝင်ထိုင်လိုက်သည်။ နေသူကလဲ နောက်က လိုက်လာပြီး ခုံပေါ်တွင်ထိုင်ကာ သူ့ကို စူးဆန်းသလို ကြည့်နေပြန်သည်။

" မင်းမှန်မှန်ပြော boss နဲ့ မင်း မရိုးဘူးမို့လား "

ဆွေးမြေ့မှာတော့ ခေါင်းမွှေးတွေပင် ထောင်သွားသလိုခံစားလိုက်ရသည်။ သူဒီလောက်သတိထားနေတာကို ဘယ်လိုရိပ်မိတာပါလိမ့် ၊ ဒီကောင် တောင်သိနေပြီဆို မိရွှန်းကတော့ မေးနေစရာတောင်မလိုတော့ပေ။ သို့ပေမဲ့ သက်သေမှ မရှိပဲ သူငြင်းရမည်။

မှိုင်းညှို့အိမ် ( Complete) Where stories live. Discover now