Unicode
Hotel ရှေ့ရောက်တာနဲ့ ကားသော့ကို ဝန်ထမ်းထံလှမ်းပေးလိုက်ပြီး တစ်ဖက်ခြမ်းသို့လာလိုက် ၏။ ခုထိအိပ်နေသော ဆွေးမြေ့ကို လှုပ်နိုးရ
သည်။
" ဟိတ် ထတော့ ရောက်နေပြီ "
" .... "
" ဆွေးမြေ့အိမ် "
" ဟာ အိပ်ချင်တယ် ဖယ်ဗျာ "
ပခုံးပေါ်က လက်ကို တွန်းဖယ်ပြီး တစ်ဖက်သို့
လှည့်ကာပြန်အိပ်နေပြန်သည်။
" ကျစ် .. လာခဲ့ "
လင်းညှို့က စိတ်မရှည်စွာဖြင့် ပွေ့ချီပစ်လိုက်
သည်။
" ဖယ်ပေး ဘာလုပ်တာလဲ အိပ်မှာပါဆို ချပေးဗျာ"
" ချလဲပေးမယ် အိပ်လဲအိပ်ရမယ် ခနစောင့် "
" လွတ်ဗျာ "
ဆွေးမြေ့က ခြေထောက်နှစ်ချောင်းလုံးကို
လှုပ်ကာ ရုန်းနေ၏။
" ငြိမ်ငြိမ်မနေရရင် ပစ်ချလိုက်မှာနော် မလုပ်ဘူးထင်နေလား "
ထိုအခါမှ မျက်ကျောစင်းနဲ့တစ်ချက်ကြည့်ကာ
ငြိမ်ကျသွားပြီး သူ့လည်ပင်းကို သိုင်းဖက်လာ၏။
" သေချာဖက်ထား "
" .... "
လင်းညှို့က သေချာပွေ့ချီပြီး hotel ထဲဝင်ခဲ့
လိုက်တော့၏။ ဆွေးမြေ့က အလိုက်သင့်လေး
ပြန်ဖက်တွယ်ရင်း သူ့ရင်ခွင်ဆီ ခေါင်းလေးတိုး
ဝင်လာ၏။ လင်းညှို့လဲ ဓာတ်လှေကားမှတစ်
ဆင့်သူယူထားသော အခန်းဆီတက်ခဲ့လိုက်တော့
သည်။
အခန်းဆီရောက်တာနဲ့ ကဒ်နဲ့တံခါးဖွင့်ပြီး အမူးကောင်လေးကို ဆိုဖာပေါ်အရင်ချပေးလိုက်သည်။
" ထိုင်နေအုံး ကိုယ်သန့်စင်ခန်းဝင်အုံးမယ် "
ဆွေးမြေ့ကို ထားခဲ့လိုက်ပြီး သန့်စင်ခန်းသို့ထွက် ခဲ့လိုက်၏။ သူသန့်စင်ခန်းက ထွက်လာတော့ ဆွေးမြေ့အိမ်က ဘီယာ၁ဘူးနဲ့ ဆိုဖာပေါ်တွင်
ထိုင်ကာ Tv ဖွင့်ကြည့်နေလေသည်။
" ဒီလောက်မူးနေတာကို ထပ်သောက်နိုင်သေးတာလား ပေးစမ်း အဲဘူး "
" ဟင့်အင်း ပေးဘူး သောက်မှာပဲ "
လင်းညှို့က ဘေးတွင်ဝင်ထိုင်ကာ ဘီယာဘူးကို ဆွဲယူတော့ မပေးပဲ ရှောင်သွားသည်။
YOU ARE READING
မှိုင်းညှို့အိမ် ( Complete)
RomansWarning ⚠️ ပေးတာမို့ Sensitive ဖြစ်လျှင်ကျော်ဖတ်ပါရန် မေတ္တာရပ်ခံအပ်ပါတယ် Party တစ်ခုမှ ဆေးမိပြီး လူတစ်ယောက်နဲ့အိပ်ခဲ့မိတယ်။ အဲလူက ကျွန်တော့်အလုပ်ရှင်ဖြစ်နေတယ် ၊ ကံကောင်းတာတစ်ခုက သူက ကျွန်တော့်ကို မမှတ်မိဖူး ။ စိတ်မရှည်တဲ့ CEO နဲ့ ပြာယာခပ်ပြီး မဟု...
