Chapter ( 32 ) uni zg

67.6K 2.2K 452
                                        

Unicode

ချောက် .... ..

တံခါးဖွင့်ကာ ဝင်လာသည်အထိ လွမ်းလွန်းလို့
ငိုနေရပါတယ်ဆိုတဲ့သူကိုမတွေ့ရ ၊ မီးတွေကလဲ ပိတ်ထားသေးသည်။ တံခါးဘေးက နံရံကပ်မီးကို ဖွင့်လိုက်မှ လင်းသွားသော မီးရောင်နဲ့အတူ မြင်လိုက်ရတာက ဧည့်ခန်းဆိုဖာတွင် ငုတ်တုတ် ကြီး ထိုင်နေသော မြေ့အိိမ် ...

" လန့်လိုက်တာကွာ အမှောင်ကြီးထဲ ဘာထိုင်
လုပ်နေတာလဲ "

လင်းညှို့က ပြောလဲပြောရင်း ဧည့်ခန်းဆီ
လျှောက်သွားလိုက်ကာ ဆွေးမြေ့နဲ့ မျက်နှာခြင်းဆိုင် ဝင်ထိုင်လိုက်တော့သည်။ ဆွေးမြေ့က သူ့ကိုပင် မကြည့်ငူငူငိုင်ငိုင်ဖြင့် မှန်ပြတင်းပေါက် တွေထံသာငေးနေ၏။ သူထင်ထားတာက
သူပြန်ရောက်လာလျှင် အပြေးဖက်ပြီး
ကြိုမည်၊ ကလေးတစ်ယောက်လို ရင်ခွင်ထဲ ဇွတ်တိုးဝင်လိမ့်မည်ဟု တစ်ထစ်ချတွေးထားတာ။ ခုကတော့ မျှော်လင့်ချက် ကင်းမဲ့နေတဲ့ လူလိုမျိုး ငေးကြောင်ကြောင်ဖြစ်နေသည်။

" မင်းဘာဖြစ်နေတာလဲ "

" ........ "

" ဟိတ် ကိုယ်ပြောတာကြားလား "

" ........ "

" လွမ်းလှချီရဲ့ဆိုပြီး ငိုယိုနေတဲ့ သူက ခုတော့ အဲလောက်မဟုတ်သလိုပဲနော် "

တစ်ဖက်ကို မျက်နှာမူထားသူက ခုမှ သူ့ဘက်
လှည့်ကြည့်လာသည်။ မျက်ဝန်းတွေက မို့အစ်လို့
မျက်တွင်းတွေကလဲ ပန်ဒါနီးနီး ။ သူ အလိုလို မျက်မှောင်ကျုတ်မိသွားရ၏။

" ငိုထားပြန်ပြီလား မျက်တွင်းတွေကလဲ ချိုင့်လို့ ညဘက်တွေ မအိပ်ဖူးလား "

" ပုံ့မှူးလွင် "

ပထမဆုံး လေးပင်စွာ သူ့ကိုကြည့်ရင်းထွက်လာတဲ့စကား ။

" သူ့ကို ဘယ်လိုသိလဲ "

" နေ့လည်က ဒီကိုလာသွားတာ "

" ဘယ်လို "

" မှိုင်းရဲ့ သတို့သမီးလောင်းတဲ့ မကြာခင်
လက်ထပ်ကြတော့မှာတဲ့ "

" .......... "

လင်းညှို့ဘက်က တစ်ဖန်ပြန်လည်တိတ်ဆိတ် သွားသည်။ မျက်ဝန်းအရိပ်အယောင် တွေကလဲ ရှုပ်ထွေးနေဟန် ။

မှိုင်းညှို့အိမ် ( Complete) Where stories live. Discover now