Unicode
ရက်သတ္တပါတ်ကြာပြီးနောက် သူတို့နှစ်ယောက် ချစ်သူတွေအဖြစ်ပြောင်းလဲခဲ့ကြတယ်။
အရင်းနှီးဆုံးပတ်သတ်ခဲ့ကြတာမို့ ချစ်သူဖြစ် သွားရင်လဲ သိပ်မထူးလောက်ဖူးထင်ခဲ့ပေမဲ့ အဲအထင်ကမှားနေခဲ့တယ်။ တကယ်တော့ချစ်
ခြင်းမေတ္တာဆိုတဲ့ခေါင်းစဉ်အောက်မှာ နွေးထွေးမှု၊ပွင့်လင်းမှု၊ ကြင်နာမှုတွေက အများကြီးပဲ။ ညတိုင်းတီတီတာတာ ဖုန်းတွေပြောကြတယ်။ စာတွေပို့ကြတယ်။ ဖုန်းမချခင်မှာ ချစ်တယ် ပြောပြီးအာဘွားပေးကြတယ်။ အရင်အခြေ
အနေနဲ့ တကယ်ကို တခြားစီပဲ။ ဒီလူကို ငါပိုင်ပြီ ၊ ဒီအမျိုးသားက ငါ့ချစ်သူဆိုတဲ့ ခံစားချက်က တကယ်ပျော်ဖို့ကောင်းတယ် ။အချစ်ရဲ့ နယ်နိမိတ်ထဲမှာ နေထိုင်ရတာဟာ တကယ်သက်တောင့်သက်သာဖြစ်စေတယ်။ ခန္ဓာကိုယ်ချင်း ဘယ်လောက်ပဲရင်းနှီးခဲ့ပါစေ ချစ်သူဘဝမှာတော့ သာမာန်အတွဲတွေလိုပဲ
ရင်ခုန် စိတ်လှုပ်ရှားဖို့ကောင်းတယ်။ နှုတ်ခမ်းလေး နမ်းရုံနဲ့တင် သူ့ရင်တွေ ပေါက်ကွဲတော့
မလိုပဲ။အထင်လွဲမှုတွေကို ဖြေရှင်းနိုင်ခဲ့ကြတာမှန်ပေမဲ့ စိတ်ပူပန်မှုတွေကတော့ လုံးလုံးပျောက်ကွယ်
မသွားသေးဘူး။ သူတို့ပတ်သတ်မှုက အရင်နဲ့မတူတော့တာမို့ အဆင်ပြေပေ့ါမလားဆိုပြီးတော့ စိတ်ပူနေရတုန်းပဲ။ ဒါပေမဲ့လဲ တစ်ယောက်နဲ့
တစ်ယောက် အရမ်းချစ်နေကြတာမို့ စိုးရိမ်မှုတွေက လျော့ကျသွားတယ်။ တကယ်အချစ်ကို ခံစားမိနေကြပြီ။အဲတာကြောင့်မို့ အချင်းချင်း နာကျင်မှုတွေထပ်ပေးမိမှာ ကြောက်တာမို့ အရာအာလုံးကို အကောင်းဆုံးရင်ဆိုင်ဖို့ဆုံးဖြတ်ခဲ့ကြတယ်။မှိုင်းက အရင်တုန်းက အချစ်ကိုမဖော်ပြတတ်ပေမဲ့ ခုတော့ပြောင်းလဲသွားခဲ့ပြီ။ အသေးစိတ်က အစဂရုစိုက်နွေးထွေးပေးတယ်၊ သူ့ကို ကြည့်တဲ့ အကြည့်တွေကလဲ မြတ်နိုးမှုတွေ အချစ်တွေပျော်ဝင်နေတာ။ ဒီတစ်ကြိမ်တော့ မှိုင်းကို
အပြည့်အဝယုံကြည်ချင်တယ်။ မဟုတ်ဘူး
ယုံကြည်နေမိတာ။ အရေးမပါတဲ့ သံသယတွေနဲ့ဖြစ်ခဲ့တာတွေကို ပြန်အစဖော်နေမယ်ဆိုရင် relationship အတွက် အထိခိုက်တွေဖြစ်လာ
နိုင်တယ်။ ပြီးခဲ့တာတွေက ပြန်ပြင်လို့မရတော့တာမို့ အပြီးသတ်မေ့ပစ်ဖို့ပဲ တွေးလိုက်တော့
တယ်။ အချစ်ရဲ့ ရပ်ဝန်းထဲမှာ အအေးချမ်းဆုံး
ရှင်သန်ချင်လို့။
YOU ARE READING
မှိုင်းညှို့အိမ် ( Complete)
RomantizmWarning ⚠️ ပေးတာမို့ Sensitive ဖြစ်လျှင်ကျော်ဖတ်ပါရန် မေတ္တာရပ်ခံအပ်ပါတယ် Party တစ်ခုမှ ဆေးမိပြီး လူတစ်ယောက်နဲ့အိပ်ခဲ့မိတယ်။ အဲလူက ကျွန်တော့်အလုပ်ရှင်ဖြစ်နေတယ် ၊ ကံကောင်းတာတစ်ခုက သူက ကျွန်တော့်ကို မမှတ်မိဖူး ။ စိတ်မရှည်တဲ့ CEO နဲ့ ပြာယာခပ်ပြီး မဟု...