Unicode
တက်ဆီငှါးကာ ဆေးရုံသို့ထွက်ခဲ့လိုက်၏။
ကားပေါ်မှာလဲ မှိုင်းဘာမှမဖြစ်ပါစေနဲ့လို့ တဖွဖွဆုတောင်းနေရသည်။ စိတ်တွေက ကနာမငြိမ် ပေ၊ မှိုင်းသာ တစ်ခုခုဖြစ်သွားရင်ဆိုတဲ့ အတွေးတွေက လောင်မြိုက်နေသည်။" ဦးလေး မြန်မြန်မောင်းပေးပါဗျာ "
" အေးကွ ဒီနေ့မှ လမ်းက ကျပ်နေတယ် "
" စိတ်ညစ်ပါတယ်ဗျာ ရောက်ဖို့တော်တော်လိုသေးလားဗျ "
" သိပ်မလိုတော့ပါဘူး ၁မှတ်တိုင်ကျော်လောက်ဆိုရောက်ပြီ "
" အဲတာဆို ကျွန်တော်ဒီမှာပဲ ဆင်းလိုက်တော့
မယ်"" အေးအေး "
ဆွေးမြေ့လဲ ပိုက်ဆံရှင်းကာ ဆင်းခဲ့လိုက်ပြီး ဆေးရုံသို့အပြေးထွက်ခဲ့တော့၏။ ပြေးနေရင်း မျက်ရည်တွေက လွှင့်ခနဲပင်။ နားထဲမှာလဲ
" ကိုယ်က မြေ့အိမ်လေးကို ချစ်မိနေပါပြီ" ဆိုတဲ့ စကားသံတွေ ပြန်ကြားယောင်လာတာမို့ နာကျင် လာရသည်။ သူပြေးသည် ၊ မရပ်မနားပြေးသည် ဆေးရုံအဝင်ပေါက်ရောက်တော့ မောလွန်းလို့ ခနရပ်ကာ အမောဖြေရသေး၏။ စက္ကန့်ပိုင်းလောက် သာ အသက်ကို မှန်မှန်ရှူပြီး ဆေးရုံထဲအပြေးဝင်ခဲ့ပြီး ကောင်တာဆီတန်းသွားတော့၏။" ဟို ... ဟို .. လူနာ လင်းညှို့မှိုင်း အခန်းဘယ်မှာလဲဗျ "
ကောင်တာက စာရေးမလေးအား အမောစိုက် ကာ မေးလိုက်၏။
" ခနလေးပါရှင့် ခုစစ်ပေးပါ့မယ် "
စာရေးမလေးက သူလောနေတာကို သိသွားတာမို့ စရင်းတွေကို တန်းကြည့်ပေးနေသည်။
" ပြင်ပ လူနာ လင်းညှို့မှိုင်း ခုမနက်ကမှ
ရောက်တာ ဟုတ်တယ်နော် "" ဟုတ် .. ဟုတ်ပါတယ်ဗျာ ဘယ်အခန်းလဲဗျ "
" ဟိုဘက် ခြမ်းကပါရှင့် ၃လွှာက 102 ပါ "
" ကျေးဇူးပါဗျ "
စာရေးမလေး ညွှန်ပြရာဘက်သို့ ခပ်မြန်မြန် လျှောက်ခဲ့လိုက်၏။ ဓာတ်လှေကားရှေ့တွင်
လူတွေများနေတာမို့ မစောင့်နိုင်တော့သဖြင့် အရေးပေါ်လှေကားဖြင့်သာ ၃ထပ်သို့တက်ခဲ့
လိုက်၏။ လျှောက်လမ်းတွေ အခန်းတွေအများကြီးထဲမှ 102 ဆိုတဲ့ နံပါတ်ကို လိုက်ရှာရတော့ သည်။ ထောင့်ဆုံးအခန်းတွင် 102 ဆိုတဲ့ နံပါတ် လေးနဲ့အတူ လင်းညှို့မှိုင်းဆိုတဲ့ ကဒ်လေးကို
မြင်လိုက်ရ၏။

YOU ARE READING
မှိုင်းညှို့အိမ် ( Complete)
RomanceWarning ⚠️ ပေးတာမို့ Sensitive ဖြစ်လျှင်ကျော်ဖတ်ပါရန် မေတ္တာရပ်ခံအပ်ပါတယ် Party တစ်ခုမှ ဆေးမိပြီး လူတစ်ယောက်နဲ့အိပ်ခဲ့မိတယ်။ အဲလူက ကျွန်တော့်အလုပ်ရှင်ဖြစ်နေတယ် ၊ ကံကောင်းတာတစ်ခုက သူက ကျွန်တော့်ကို မမှတ်မိဖူး ။ စိတ်မရှည်တဲ့ CEO နဲ့ ပြာယာခပ်ပြီး မဟု...