Final ( 40 ) uni & zg

23.1K 759 97
                                    

Unicode

" မောနင်း မေမေ "

" မောနင်းသားငယ်လေး "

" ကိုယ့်ကိုလဲ မောနင်းလုပ်ပါအုံးကွာ "

ထမင်းစားခန်းသို့ ဝင်လာသော သားအမိနှစ် ယောက်ကို ကြည့်၍ ဆွေးမြေ့က မောနင်းလုပ်
နေတာပင်။ လင်းညှို့က သူ့ကိုပြောမလာတာမို့ခုံတွင်ဝင်ထိုင်ရင်းပြောလိုက်ရသည်။

" ဟီး မောနင်းမှိုင်း "

" မေမေရှိသွားတာနဲ့ ကိုယ့်ကို ပလစ်နေတာ
မြေ့အိမ်က "

" မဟုတ်ပါဘူး မှိုင်းရာ "

ဆွေးမြေ့က စားပွဲပေါ်တွင်စားစရာတွေတင်ရင်းပြောလိုက်၏။ ဘေးက အိမ်အကူတွေကလဲ ကူညီပေးသည်။

" လင်းညှို့ သားငယ်လေးကို ဘာမှပြောစရာ
မလိုဘူးနော် "

" ဟုတ်ပမေမေရယ် ပြောလိုက်ပါအုန်း "

ဆွေးမြေ့ကပါ တွင်ထိုင်ရင်း မေမေအားပြောလေသည်။ အတိုင်အဖောက်ညီ၍ သူ့အား ပလစ်နေသော သားအမိကို ကြည့်ကာ လင်းညှို့မှာအပြုံးပန်းတွေဝေဆာနေရသည်။ သူတို့တွေ မေမေဆီပြောင်းလာနေတာ ၁လကျော်လေပြီ။ ဆွေးမြေ့က နဂိုကတည်းက လိမ်မာကာပြောတတ်ဆို
တတ်လေးမို့ ခုဆို မေမေ့အသဲကျော်လေးပင်
ဖြစ်လို့နေပြီ။ drama ကားတွေကြိုက်ကြတဲ့ ၂ယောက်က ပိတ်ရက်တွေဆို ညနက်တွေအထိကြည့်ကြသည်။ မေမေက အိမ်မှာတစ်ယောက် ထဲနေခဲ့ရာကနေ ခုလို စိုစိုပြေပြေလေးဆိုတော့ တကယ်ဝမ်းသာနေပုံ။ ဆွေးမြေ့ကိုလဲ တကယ်ကို သူ့သားမြေးအရင်းလိုပင် သဘောထားသေး၏။

" ဒီနေ့သားငယ်လေး နားရက်ဆိုတော့ မေမေတို့ အပြင်သွားကြမလား "

" သွားကြမယ်လေ ဘယ်သွားမလဲမေမေ "

" သားငယ်က ဘယ်သွားချင်လဲ "

" ဟိုနေ့က မေမေ shopping ထွက်ချင်နေတယ် ဆို Center ကိုသွားကြမလား ပြီးမှ မုန့်သွားစားကြမယ်လေ "

" ဟုတ်တယ်ဟုတ်တယ် shopping ထွက်ကြ
မယ်"

သားအမိနှစ်ယောက်သား ရီရီမောမောပြောနေကြသည်မှာ သူ့ကိုရှိသည်လို့ပင်ထင်ပုံမရ၊တကယ်ကို လူပိုကြီးဖြစ်နေတာ ။

မှိုင်းညှို့အိမ် ( Complete) Where stories live. Discover now