Chapter ( 8 ) uni & zg

23K 1.4K 24
                                    

Unicode

" ဘယ်လိုဖြစ်ရတာလဲ မသူဇာရယ် "

" ရှေ့ရက်တွေက အကောင်းကြီးပါဆွေးမြေ့ရာ ညကမှ ထဖြစ်တာ "

အရေးပေါ်ခန်းရှေ့တွင် ဆွေးမြေ့နဲ့ မသူဇာ ထိုင်၍စကားပြောနေကြသည်။

" ကျွန်တော်လဲ project အသစ်ရထားလို့ အလုပ် ရှုပ်နေတော့ မလာဖြစ်လိုက်တာ ဒီကြားထဲ ဆေးခန်းမသွားဖြစ်ဘူးလား "

" နင့် မေချိုက သိတဲ့အတိုင်းပဲခေါင်းအရမ်းမာတာလေ ရှိတဲ့ပိုက်ဆံကိုလဲ ဂေဟာက ကလေးအတွက်ပဲ သုံးစေချင်နေတာ "

" ကျစ် ခက်ပြီဗျာ "

" ဒေါ်ချိုချိုလွင် ရဲ့ လူနာစောင့်ရှိပါသလား "

အရေးပေါ်ခန်းမှ သူနာပြုဆရာမလေးက ထွက်လာကာ ခေါ်လေသည်။

" ရှိပါတယ် ဒီမှာပါဗျ "

" ဟုတ်ကဲ့ လူနာက စိတ်ချရတဲ့ အနေအထားမှာရှိနေပါပြီ ကျန်တဲ့ အသေးစိတ်ကို ဆရာဝန်ကြီးနဲ့ ဆက်ဆွေးနွေးလိုက်ပါ "

" ဟုတ်ကဲ့ပါဆရာမရယ် ကျေးဇူးတင်ပါတယ်
ရှင်"

" ဟုတ်ကဲ့ နောက် ၁၀ မိနစ်လောက်နေရင် ဝင်ကြည့်လို့ရပါပြီ ... လူနာရှင်တစ်ယောက်ကတော့ ကောင်တာမှာ ငွေလိုက်ရှင်းပေးပါအုံး "

" ဟုတ်ကဲ့ပါရှင် "

" မသူဇာ ဒါဆို ကျွန်တော်သွားရှင်းလိုက်အုံးမယ်"

" အဆင်ပြေရဲ့လား ဆွေးမြေ့ရဲ့ ငါ့လက်ထဲမှာပါပါသေးတယ် "

" နေနေ အဲတာကို လက်ထဲပဲထား ဆေးဖိုးတို့ စားဖို့သောက်ဖို့အတွက်သုံး ကျွန်တော်သွားရှင်းပြီး ပြန်လာခဲ့မယ် "

" အေးပါ ဆွေးမြေ့ရယ် "

ဆွေးမြေ့လဲ ဆေးရုံစရိတ်ရှင်းပေးကာ လိုအပ် တာတွေ မှာကြားပြီး ရုံးသို့တန်းသွားရတော့ သည်။ မေချိုက ဆေးအရှိန်ကြောင့် မနိုးသေး
သဖြင့် ညနေရုံးဆင်းမှသာ ဝင်မည်ပြောခဲ့ရ၏။

...................<<<<<ညှို့အိမ်>>>>>>...............

ရုံးရောက်တော့ project ကိစ္စတင်ပြဖို့တန်းပြင်
ဆင်ရတော့သည်။ နေ့လည်မှ စမှာမို့တော်သေးသည်။ မနက်ပိုင်းက ခွင့်ယူလိုက်ရတာမို့လိုအပ် တာတွေ မြန်မြန်ပြင်နေရ၏။

မှိုင်းညှို့အိမ် ( Complete) Where stories live. Discover now