Chapter ( 5 ) uni & zg

26.1K 1.1K 51
                                    

Unicode

" Wow .. အခန်းက ရှယ်ပဲ ဇိမ်ပဲဟေ့ "

ထက်နေသူက အခန်းထဲရောက်ရောက်ခြင်း အထုတ်တွေ ပစ်ချကာ ကုတင်ပေါ် ပစ်လှဲရင်းဆိုလိုက်၏။ ဆွေးမြေ့ကတော့ အရင်ဆုံးလိုက်ကြည့်လိုက်သည်။ ဝင်ဝင်ခြင်း တန်းမြင်ရတာကတော့ တစ်ယောက်အိပ် ကုတင်နှစ်လုံးပင် အလည်တွင် စားပွဲအသေးလေးတစ်ခုရှိ၏။ တံခါးပေါက်ရဲ့ ဘယ်ဘက်ခြမ်းမှာတော့ mini kitchen ဘေးရှိကာ ညာဘက်ခြမ်းမှာပေါ့ ရေချိုးခန်းအိပ်ယာတွဲလျက်ပင်။

ကုတင် တွေနဲ့ မျက်နှာခြင်းဆိုင်မှာတော့ အလုပ် စားပွဲခုံ နှစ်ခုရှိ၏။ တိုက်က ၅ ထပ်ဖြစ်တဲ့အပြင် သူတို့က ၅ထပ်မြှောက်မှာမို့ ရူခင်းကလှသည်။ 1ထပ်ဆီတိုင်းမှာ အခန်း ၁၀ ခန်းပါဝင်၏။ဝန်ထမ်းအရမ်းများတာမို့ ခုလို ရှယ်နေရတဲ့ အခန်းမှာ လူတိုင်းနေချင်ကြ၏။ ယောကျာ်းလေး၊မိန်းကလေးကတော့ သပ်သပ်ခွဲထားပေမဲ့ တိုက်တန်းခြင်းက ဘေးကပ်ရပ်ပဲမို့ လျှောက်လမ်းက ကြည့်လျှင်လှမ်းမြင်ရ၏။ ပုံမှန်ဆို နှစ်ကြီးသမားတွေကိုသာ ဦးစားပေးပြီး နေခွင့်ပြုတာ ၊ သို့ပေမဲ့ အလုပ်သင် ၃ ဖွဲ့ထဲက ၂ယောက်ကို မဲနိုက်ပြီး ရွေးချယ်မယ်ဆိုလို့ သူတို့ ၁ဌာဆီနိုက်ခဲ့ကြရပြီး ဆွေးမြေ့တို့ ၃အဖွဲ့ထဲက ထက်နေသူနဲ့ ဆွေးမြေ့က မဲပေါက်ခဲ့တယ်လေ။ တကယ်ကို ကံထူးမှုကြီး။

" ဟျောင့်ထ ... ပစ္စည်းတွေ နေရာချရအောင် "

ဒီနေ့က နားရက်ရတာမို့ သူတို့ အခန်းကိုပြောင်းခဲ့ကြတာ။

" boss က တကယ်သဘောကောင်းတယ်ကွာ ဘယ်အလုပ်မှ ဒီလိုမထားပေးဘူးကွ ဒါကြောင့်လဲ The Rainbow ဆိုတာ ပြည်တွင်းပြည်ပမှာ
နာမည်ကြီးနေတာ "

လုပ်ငန်းအရဆိုရင်တော့ တကယ်ကိုတော်တဲ့
စီးပွါးရေးသမား တကယ်ကောင်းတဲ့ အလုပ်ရှင် အရာအာလုံးအပြစ်ပြောစရာမရှိအောင် လုံးဝ perfect ပဲ တစ်ခုပဲအချစ်ရေးမှာတော့ 0% ပဲ ဆွေးမြေ့က ရှုပ်ပွေတာတွေကို မုန်းတယ် ထိုလူကတော့ ရုပ်ချောသလောက်အတော်ရှုပ်တယ် သူအလုပ်ဝင်တဲ့ ၁လအတွင်းမှာကို သူမှတ်မိ
သလောက်ဆို ၄ယောက်ရှိပြီ ။ ၄ယောက်လုံးက ငယ်ငယ်ချောချော ကောင်လေးတွေချီပဲ။
အောက်ထပ်က ဧည့်သည်ခန်းတွင်အမြဲတွေ့ရ တတ်သည်။ အင်းပေါ့လေ ရုပ်ရှိရေလျံသူဌေးဆိုမှတော့လဲ ရည်းစားထည်လဲတွဲတာဘယ်စမ်းမလဲလေနော်။

မှိုင်းညှို့အိမ် ( Complete) Where stories live. Discover now