Chapter ( 33 ) uni & zg

20.7K 913 100
                                    

Unicode

" မြေ့အိမ် ရေပေးပါအုန်း "

" ..... "

" မြေ့အိမ် "

" ....... "

" ကိုယ်ပြောတာကြာလား "

ဘာသံမှပြန်လည်ထွက်ပေါ်မလာသဖြင့် မျက်လုံးတွေကို ဖွင့်ကြည့်ရတော့သည်။ အမှောင်ထုကသာ ကြီးစိုးနေသော အခန်းထဲတွင် အပ်ကျသံ
ပင်ကြားရနိုင်လောက်အောင်တိတ်ဆိတ်နေ၏ ခြောက်ကပ် နေသော လည်ချောင်းကြောင့် နိုးလာခြင်းပင်။ အကျင့်ပါနေစွာဖြင့် မြေ့အိမ်ကို ခေါ်နေမိသေးသည်။ ပုံမှန်ဆို မြေ့အိမ်လို့ခေါ်တာနဲ့ သူ့အနားတန်းရောက်လာတတ်သူက ခုဆို ဘယ်လောက် အော်ခေါ်နေပါစေ ရောက်မလာ
နိုင်တော့ပါ။ အဲလို ဖြစ်အောင်လဲ သူပဲ ဖန်တီးခဲ့တာမဟုတ်လား။

မြေ့အိမ်ထွက်သွားပြီးကတည်းက အသားမကျခြင်းများစွာကြုံတွေ့နေရသည်မှာနေ့တိုင်းနီးပါး။
တစ်အိမ်လုံးသူ့အရိပ်အယောင်တွေနဲ့ပြည့်နက် နေတာ။ ၂ပတ်ဆိုတာ သူ့အတွက်တော့ အကြာကြီးဖြစ်နေသလို၊ ဘေးက ခေါင်းအုံးလေးက အထီး ကျန်စွာ ၊ သူထွက်သွားတဲ့အချိန်တွေမှာရော မြေ့အိမ်ဟာ ဒီလိုပဲ ခံစားခဲ့ရသလား။ လူတွေဟာ ကိုယ့်ထိမှနာမှန်းသိကြတာ တကယ် ဆိုတာယုံသွားပြီ။ ခုတော့ သူဟာ ဝဋ်ပြန်လည် နေသည်ထင်၏။ မြေ့အိမ်ဟာသူ့ဖုန်းတွေကို
လုံးဝမကိုင်တော့သလို နောက်ဆုံး block ပါ
ပစ်သည်။ Facebook မှာလဲ messenger ကို block ထား၏။

မနက်တိုင်း ပေးနေကျ လက်မှတ်ထိုးဖိုင်လဲ လာမပေးသလို သူ့ကိုမြင်တာနဲ့ ရှောင်ကွင်းသွားတတ်သည်။ စကားပြောဖို့ ဘယ်လိုပဲကြိုးစားကြိုးစား အခွင့်အရေးမရသေးပေ။

နံဘေးဆီက ဖုန်းလေးကို ယူကြည့်လိုက်တော့ ည၉နာရီ၊ ဒီရက်တွေမှာ စိတ်ရောလူရောပင်းနေတာမို့ ညနေအိမ်ပြန်ရောက်တော့ အိပ်ပျော်သွားတာပင်။ ညနေဘက်ကြီး အိပ်လိုက်မိလို့ထင်သည် ခေါင်းကနောက်နေ၏။ သို့ပေမဲ့မထချင်သေးပေ ၊ ဖုန်းလေးသုံးရန် လိုင်းတက်လိုက်ပြီး အရင်ဆုံးကြည့်ဖြစ်တာက ဆွေးမြေ့ရဲ့ conversation ၊ block ထားစဲဖြစ်သော အကောင့်လေး။ fb မှာတော့ မ block ထားသဖြင့် မျက်နှာလေးကို မြင်ချင်တာမို့ အကောင့်ထဲဝင်ကြည့်
လိုက်မိ၏။အကောင့်ထဲ ဝင်ဝင်ခြင်းပေါ်လာ
သော post ကြောင့်ထထိုင်လိုက်မိတာချက်ခြင်း။

မှိုင်းညှို့အိမ် ( Complete) Where stories live. Discover now