Chapter ( 19 ) uni & zg

20.9K 943 55
                                    

Unicode

ညနေပိုင်း ရေထဲဆင်းပြီး တော့ ကိုယ့်အခန်းဆီကိုယ်ပြန်လာခဲ့လိုက်သည်။ ကိုယံပိုင်တို့ကတော့ ညပွဲဆက်မည်သုဆိုကာ ကျန်ခဲ့ကြ၏။ ceo လဲ သူ့အခန်းသူပြန်နားသည်ထင်သည်။ သူလဲ ရေချိုးကာ နွေးနွေးထွေးထွေးနေပြီး အိပ်ယာ
ထက် လှဲကာ ဖုန်းသုံးနေလိုက်၏။

ဖုန်းလေးပွတ်ရင်း ညနေက ရိုက်ထားသည့် ပုံလေးတွေကို ပြန်ကြည့်နေမိသည်။ ပင်လယ်ကို နောက်ခံထားပြီး ရိုက်ထားတဲ့ပုံအမျိုးမျိုးပင်။
ရိုက်ပေးတဲ့သူကတော့ သူရဲ့ ရည်းစားမကျ ဘာမကျ CEO ပင်။ ကိုယ့်ဘာသာကို ရိုက်နေတာမြင်ပြီး " ကိုယ်ရိုက်ပေးမယ်" ဟုဆိုကာ post အမျိူးမျိုးလုပ်ခိုင်းပြီးရိုက်ပေးခဲ့ခြင်းပင်။

" ဒီလူက ပုံရိုက်တာတော့ တော်သားပဲ "

ဆွေးမြေ့လဲ ပုံတွေထဲက ၄ပုံလောက်ရွေးပြီး Facebook တွင် post တင်လိုက်တော့သည်။
ပြီးတာနဲ့ဖုန်းလေးကို ဘေးမှာချပြီး ညနေက အကြောင်းတွေ ပြန်စဉ်းစားမိတော့၏။
သူ့ကို စိတ်ရှည်လက်ရှည်ရေကူးသင်ပေးသည်။
ဘောကွင်းကိုလဲ လိုက်တွန်းပေးကာ ကစားပေး သည်။ တစ်ယောက်နဲ့တစ်ယောက်ရေအပြန်လှန် ပက်ကာ ကျီစယ်ခဲ့ကြသေး၏။

ဆွေးမြေ့အတွက် ပျော်ရွှင်စရာအချိန်ဆိုတာရှားလွန်းသဖြင့် ခုလိုအချိန်တွေဟာ သူ့အတွက်တော့ တကယ်တန်ဖိုးထားစရာပင်။ ငယ်ငယ်ကလဲ ကျောင်းသား ဘဝပျော်ရွှင်မှုမရဘူးသလို တက္ကသိုလ်ဘဝမှာလဲ အချိန်ပိုင်းအလုပ်ပေါင်းစုံလုပ် ကာ ပိုက်ဆံကို ကုန်းရုန်းရှာခဲ့ရသည်။ ထားခဲ့ဖူးတဲ့ရည်းစားကျတော့လဲ အချိန်မပေးနိုင်တာကြောင့် ပြတ်ခဲ့ရတာပင်။ ခုလို လုပ်ငန်းခွင်ဝင် တော့လဲ မေချိုကျန်းမာရေးကြောင့် သူ့ဘဝက ထပ်ပြီး ဆိုးသွားသည်ဟု ထင်မှတ်လိုက်သော်လဲ ceo ရဲ့အပြုအမူတွေကြောင့် အဆိုးထဲက အကောင်းလားဟု သူ့စိတ်လေးက တွေးထင်မိလာရ၏။

ဒေါက်ဒေါက် ...

သူအတွေးလွန်နေတုန်း အခန်းတံခါးခေါက်သံကြားလိုက်ရသဖြင့် ဖုန်းကနာရီကို ကြည့်လိုက်မိသည်။ ၁၀ နာရီကိုတောင်ညွှန်ပြနေပြီဖြစ်သဖြင့် ဒီချိန်ကြီး ဘယ်သူများလဲ။ ၉နာရီလောက်တုန်းကတော့ အခန်းရှေ့မှာ မြတ်မင်းတို့ပြန်လာလို့ ဆူဆူညံညံအသံတွေကြားလိုက်ရသေးသည်။

မှိုင်းညှို့အိမ် ( Complete) Where stories live. Discover now