Chapter ( 24 ) uni & zg

28.4K 1K 60
                                    

Unicode

" sorry ceo ရေချိုးတာနဲနဲကြာသွားလို့ "

ကားပေါ်တက်ရင်း တစ်ပြိုင်နက်ပြောလိုက်သည်။Seat belt လေးတပ်ပြီး လင်းညှို့ဘက်ကြည့်လိုက်တော့ သူ့အား ခေါင်းစခြေဆုံး စုန်ချီ
ဆန်ချီကြည့်နေသော မျက်လုံးတွေကိုမြင်
လိုက်ရသည်။

" ဟို ... ဘာဖြစ်လို့လဲ ကျွန်တော့်မျက်နှာမှာ တစ်ခုခုပေနေလို့လား "

" ပြောတော့ မှိုင်းဆို "

" ဟမ် "

ရုတ်တရက် ခုနက ceo လို့ အကျင့်ပါစွာခေါ်
လိုက်မိတာကို သတိရသွားပြီး

" အာ ceoလို့လအတော်ကြာခေါ်လာတာ ဆိုတော့ အကျင့်ပါသွားလို့ပါ မှိုင်းရဲ့ "

တကယ်တော့သူခေါ်ရသည်မှာ ပါးစပ်ထောက် နေတာပင်။ အသက်အရွယ် သိပ်မကွာပေမဲ့ အလုပ်ရှင်ဆိုတော့ ပါးစပ်သိပ်မရဲတာလဲပါ သည်။ ခုလို နာမ်စားသုံးတာက အရမ်းရင်းနှီးရာရောက်လွန်းပေမဲ့ ceoကကြိုက်တယ်ဆိုလို့
ဆွေးမြေ့ပျော်ရပါသေးသည်။ တကယ်လဲ သူတို့ ပတ်သတ်မှုက အတော်ကို ရင်းနှီးတဲ့အတိုင်း
အတာတစ်ခုမှာရှိနေကြပြီမို့လား။

" အင်း ပြီးတော့ "

" ဟုတ်ကဲ့ "

" ဘောင်းဘီက အရမ်းတိုလွန်းနေတယ် "

လင်းညှို့က ပေါင်ထိ လိတ်တက်နေတဲ့ ဘောင်းဘီကို စိုက်ကြည့်ရင်းပြောလိုက်၏။
လင်းညှို့မှိူင်းတို့ကတော့ သူ့စတိုင်မဟုတ်တာတွေကို အတော်ကို လုပ်မိနေသည်။

" အာ အရမ်းမတိုပါဘူး ထိုင်လိုက်လို့ အပေါ်
တက်သွားတာပါဗျ မှိုင်းက ကျွန်တော်အတို ဝတ်တာမကြိုက်လို့လား"

ဆွေးမြေ့က လင်းညှို့ မျက်ဝန်းတွေကို စိုက်
ကြည့်ပြီး အဖြေကိုရှာလိုက်သည်။ သူပဲအထင် မှားနေတာလား တကယ်ပဲ သူ့အပေါ် စိတ်ဝင်စားနေတာလား သူတကယ်သိချင်ပါသည်။

" အဟမ်း အဲလိုလဲမဟုတ်ပါဘူး မင်းကအသားဖွေးတော့ မဲကုန်မှာစိုးလို့ "

" အော် ... မမဲပါဘူး မှိုင်းရဲ့ ကျွန်တော် suncream ပါတဲ့lotion လိမ်းထားတယ် ပြီးတော့ နေပူထဲလဲ မသွားဘူးလေ "

မှိုင်းညှို့အိမ် ( Complete) Where stories live. Discover now