Unicode
အိမ်သာဟုပြောကာ ပြန်ပေါ်မလာသော ဆွေးမြေ့ကို ရွှန်းလဲ့ ရှာနေရသည်။ နေသူကို အိမ်သာထဲသွားကြည့်ခိုင်းတော့လဲမရှိပေ။ ဖုန်းခေါ်တော့လဲ မကိုင်ပေ။ ရုတ်တရက်ကြီး ဘယ်ပျောက်သွားမှန်း မသိသဖြင့် မကြည်ပြာလာရင် အဆူခံရတော့မည်။
" အရောင်းဌာနမှာ များလားမသိဘူး ငါတို့သွားရှာရအောင် "
" အေးသွားမယ် "
နေ့လည်ကတည်းက ဘယ်ရောက်သွားလဲမသိညနေရုံးဆင်းခါနီးထိပြန်ပေါ်မလာသဖြင့် သွားရှာရန်သာတွေးလိုက်ကြပြီး နှစ်ယောက်သား သူတို့အခန်းထဲကနေ ထွက်ခဲ့လိုက်တော့သည်။ ဒီလိုနဲ့ပဲ ၅ထပ်မြှောက်က အရောင်းဘက်ရှာတော့လဲမတွေ့။ စားသောက်ရုံထဲလဲ မတွေ့ပေ။ အကုန်လုံးနီးပါးလှည့်ပတ်ရှာပြီးနောက်ဆုံး သူစဉ်းစားထိသော အရာဟာ boss တို့အထပ်ပဲရှိတော့သည်။
သူတို့နှစ်ယောက်လဲ 10 ထပ်သို့တက်လာခဲ့လိုက်၏။ ဓာတ်လှေကားပွင့်သွားတာနဲ့ လျှောက်လမ်းကနေ လာနေသော ယံပိုင်ကို မြင်လိုက်ရသည်။
" ကိုယံပိုင် "
" အော် ရွှန်းလဲ့ နဲ့ နေသူပါလား ဘာရှိလို့လဲ "
" ဆွေးမြေ့ကို ရှာနေတာ ကိုယံပိုင်ရေ အဲကောင် ဘယ်ပျောက်သွားမှန်းမသိလို့ "
" အာ "
ယံပိုင် ခုမှ သတိရကာ ခေါင်းကုပ်လိုက်မိသည်။ မကြည်ပြာကိုပဲပြောရသေးပြီး ဒီနှစ်ယောက်ကို ပြောဖို့မေ့နေတာ။
" ဘာလို့လဲ ကိုယံပိုင် "
ယံပိုင်ရဲ့ မျက်နှာက လန့်သွားသည့်ပုံမို့ ရွှန်းလဲ့ကမေးလိုက်မိသည်။
" ဆွေးမြေ့ကို boss ကခေါ်ထားတယ် အလုပ်ကိစ္စဆွေးနွေးစရာရှိလို့ "
" ဘယ်လို boss ကလေ "
" ဟုတ်တယ် အစ်ကိုပြောဖို့ မေ့သွားလို့ sorry ကွာ မင်းတို့ ရှာလိုက်ရတာမောရောပေါ့ "
ရွှန်းလဲ့ နဲ့ နေသူ တစ်ယောက်မျက်နှာ တစ်
ယောက်ကြည့်လိုက်မိ၏။ ဘယ်လိုတောင် ရုပ်တိမတန်တဲ့ အကြောင်းပြချက်ကြီးပါလိမ့်။ ဆွေးမြေ့လို လက်အောက်ငယ်သားနဲ့ boss က ဘာကိုဆွေးနွေးရမှာလဲ။ boss လို သူဌေးက သူ့ဝန်ထမ်းသူတောင် အကုန်မှတ်မိတာမဟုတ်ဘူး ဌာနက အကြီးအကဲတွေလောက်ပဲသိတာ၊ သူတို့နှစ် ယောက်နဲ့တောင် စကားပြောဖူးတာမရှိဘူး၊
ဒါကိုဆွေးမြေ့နဲ့က အလုပ်အကြောင်းပြောတာက မဖြစ်နိုင်ဘူးလေ။
YOU ARE READING
မှိုင်းညှို့အိမ် ( Complete)
RomanceWarning ⚠️ ပေးတာမို့ Sensitive ဖြစ်လျှင်ကျော်ဖတ်ပါရန် မေတ္တာရပ်ခံအပ်ပါတယ် Party တစ်ခုမှ ဆေးမိပြီး လူတစ်ယောက်နဲ့အိပ်ခဲ့မိတယ်။ အဲလူက ကျွန်တော့်အလုပ်ရှင်ဖြစ်နေတယ် ၊ ကံကောင်းတာတစ်ခုက သူက ကျွန်တော့်ကို မမှတ်မိဖူး ။ စိတ်မရှည်တဲ့ CEO နဲ့ ပြာယာခပ်ပြီး မဟု...