Chapter (1) uni & zg

39.2K 1.1K 38
                                    

Unicode

" တောက်စ် ဘယ်လိုတွေလုပ်နေတာလဲ ငါ့ဟာကို ကိုက်ဖြတ်တော့မလို့လား ဖယ်စမ်း "

" ဟို ... ဟို ကျွန်တော် တောင်းပန်ပါတယ် ... "

" စောက်ရေးမပါဘူး Blow job တောင်မလုပ်
တတ်ပဲ ငါလိုကောင်ဆီ လာချင်တယ်ပေါ့"

" ကျွန်တော် ဒီလောကထဲရောက်တာမကြာသေးလို့ပါ ပြီ..ပြီးတော့ အတွေ့အကြုံလဲသိပ်မရှိသေးလို့ ထပ်ပြီးကြိုးစားခွင့်ပြုပါ "

" လစ်လိုက်တော့ ငါ့ကို feel လာအောင်တောင်
မလုပ်နိုင်ပဲ အချိန်လာမဖြုန်းနဲ့"

" ဒီတစ်ခါ သေချာလေး .... "

"ထွက်သွားစမ်း ...."

Hotel အခန်းတစ်ခုလုံး ဒေါသတကြီးအော်ဟစ် သံတစ်ခု ဖုံးလွှမ်းသွား၏။ ထိုကောင်လေးမှာလဲ တုန်ယင်စွာဖြင့် အခန်းထဲမှပြေးထွက်သွားလေသည်။

လင်းညှို့တစ်ယောက် စိတ်ပျက်စွာဖြင့် ဆံပင် တွေကိုဆွဲဖွလိုက်သည်။ အောက်သို့အနဲငယ် လျောချထားသော အတွင်းခံဘောင်းဘီ ပြန်ဆွဲတင်လိုက်ပြီး စားပွဲပေါ်မှ စီးကရက်အားယူ၍
နှုတ်ခမ်းတွင် တေ့ကာ ဝရံတာဘက်သို့ထွက်ခဲ့လိုက်၏။ တစ်ကိုယ်လုံးတွင် boxer တစ်ထည် သာရှိပြီး ဆေးလိပ်ကို ဖွာနေသော လင်းညှို့ဟာ မြင်သူတွေအဖို့ ဒူးပြေးထောက်ချင်စရာကောင်းလောက်ဆွဲဆောင်မှုရှိလွန်းသည်။ တောင့်တင်းနေသော ဝမ်းဗိုက်ကြွက်သားများနှင့်လက်မောင်းမာဆယ်တွေဟာ လင်းညှို့ထံကျဆုံးစေနိုင်သည့်အရာတစ်ခုဆိုရင်လဲမမှားပေ။

လင်းညှို့နဲ့သာ အိပ်ခွင့်ရမယ်ဆို ပိုက်ဆံပင်မယူပဲကုတင်ပေါ် တက်ချင်နေသည့် ယောကျာ်း ၊ မိန်းမတွေ တစ်ပုံတစ်ပင်။ အခုလဲ company မသွားတဲ့နေ့တွင် date boy ခေါ်ကာ စိတ်အပန်းဖြေဖို့ကိစ္စက အဆင်မပြေဖြစ်သွားသဖြင့် စိတ်အဆင်မပြေဖြစ်သွားရသည်။ လင်းညှို့က အသန့်ဆုံး date boy တွေကို ဒေါ်လာ နဲ့ပေး၍ ခေါ်အိပ်တတ်သည်။ Bar တွေ Club တွေ ရောက် တဲ့အခါ ဒီတိုင်း နှစ်ဦးသဘောတူ One Night Stand လိုက်တာလဲရှိသေး၏။ လင်းညှို့က တဏှာကြီးတာ မဟုတ်ပေမဲ့ Sex ကိစ္စက သူ့ Stress တွေကိုလျော့ချပေးနိုင်သည်ဟု သတ်မှတ်ထားသဖြင့် အလုပ်ကြောင့် စိတ်ပင်ပန်းတဲ့အချိန်တွေဆို ခုလိုပဲခေါ်အိပ်ဖြစ်၏။ အမြဲတမ်းတော့မဟုတ်ပေ ၁လမှ ၂/၃ခါလောက်သာ ၊ တစ်ချို့လတွေဆို ၁ခါလောက်သာအိပ်ဖြစ်၏။

မှိုင်းညှို့အိမ် ( Complete) Where stories live. Discover now