Chapter ( 4 ) uni & zg

26.5K 1.3K 99
                                    

Unicode

ဆွေးမြေ့အလုပ်ဝင်တာ ၁ပတ်ရှိပြီ ၊ ဌာနမူး မကြည်ပြာ က သဘောကောင်းသူမို့ သူတို့ မြန်မြန်
တက်မြှောက်၍company က လူသုံးကုန်
နှင့် အိမ်ဆောက်ပစ္စည်းတွေကို နိုင်ငံတကာနဲ့
ချိတ်ဆက်ပြီး ရောင်းချတာမို့ အတော်ကျယ်ပြန့်ကာ ကြီးကျယ်သည်။ သူတို့ sale & Marking အဖွဲ့ကတော့ ပင်ပန်းပေမဲ့ လစဉ် targets ပြည့်
ရင် Bonus ကောင်းကောင်းရပြီး လစာတိုး ၊ရာထူးတိုးလဲမြန်၏။ ဒါကြောင့် ဒီအလုပ်က အတော်လေးအဆင်ပြေသည်ဟု ပြောရမည် ။

ဒီ ၁ပတ်အတွင်း CEO ကို အရိပ်တောင်မမြင်ရ ၊
တကယ်တန်း သူကလဲ ရှောင်နေမိတာ၊မကြည် ပြာက သူမအားတဲ့ချိန် လက်မှတ်ထိုးဖို့သွားပေးခိုင်းရင်တောင် နေသူ နဲ့ ရွှန်းလဲ့ကိုပဲ လှည့်ပတ်ခိုင်းနေဖြစ်တာ။ မတော်လို့ သူ့ကို မှတ်မိပြီး အလုပ်ထုတ် ပစ်ရင်ဘယ်လိုလုပ်မလဲလေ။ အတတ်
နိုင်ဆုံးရှောင်ရမည်။ သူတို့လို အလုပ်သင်လေးတွေက CEO နဲ့ တိုက်ရိုက်တွေ့ စရာအကြောင်းမရှိဘူးလေ။

" အလုပ်သင်လေးတွေရေ သတင်းကောင်းဟေ့"

" ဘာလဲ မကြီးကြည်ပြာ လစာကြိုထုတ်မလို့တဲ့လား "

" ရွှန်းလဲ့ကလဲ ခုမှ ဝင်တာမှ ၁ပတ်ရှိသေးတယ် ကြိုထုတ်မနေဘူး အလုပ်နားရက်ပေးမလို့နေ
မယ် "

" စောက်ရူးတွေ လျှောက်ပြောမနေနဲ့ မကြည်ပြာကိုလဲ ပေးပြောလိုက်ကြအုံး "

ဆွေးမြေ့ဝင်ပြောတော့မှပဲ အငြင်းသန်နှစ်ကောင်
ငြိမ်သွားတော့၏။

" ဒီလို အလုပ်သင်လေးတွေရဲ့ .. မနက်က ဌာနပေါင်းဆုံကလူတွေကို boss က metting ခေါ်
တယ်လေ "

" အဲတာ company နဲ့ ၂မှတ်တိုင်ကျော်လောက်က တိုက်တန်းတွဲကို boss က ဝယ်လိုက် တယ် ... ဘာလုပ်ဖို့လဲဆိုတော့ အလုပ်လာဖို့ သွားရေးလာရေးခက်ခဲတဲ့သူတွေ အတွက် အဆောင် ကြေးအခက် အခဲဖြစ်တဲ့ ဝန်ထမ်းတွေအတွက် boss က free ထားပေးမှာ "

" Wow ရွှန်းတို့သူဌေးက မိုက်တာလိုက် ရုပ်ကလဲချော တော်ကလဲတော် ပြီးပြည့်စုံတဲ့ လူသားက boss ပဲ "

" ဟုတ်တယ် ရွှန်းလဲ့ရဲ့အသက် ၂၆ နှစ်နဲ့ ခုလို လုပ်ငန်းကြီး တည်ထောင်နေနိုင်တာ နည်းတဲ့
အရည်အချင်းလား "

မှိုင်းညှို့အိမ် ( Complete) Where stories live. Discover now