Chapter ( 34 ) uni & zg

20.8K 878 101
                                    

Unicode

" ကျွန်တော်ပြန်မလာချင်ဘူး "

" ပုံ့ပုံ့က မျှော်နေတာလေကွယ် company ကိုလဲ
မင်းမသွားဘူးဆို "

" ဟုတ်တယ် ဒီရက်ပိုင်း စိတ်ရှုပ်နေလို့ "

" အလုပ်မှာ ပြသာနာရှိလို့လား "

" အလုပ်ကြောင့်မဟုတ်ဘူးမေမေ ဒီတိုင်းပဲ "

" ဆွေးမြေ့အိမ်ဆိုတဲ့ ကောင်လေးကြောင့်လား "

ဖုန်းထဲမှ အသံလိုင်းကြောင့် လင်းညှို့
တစ်ချက်တန့်သွားရ၏။

" ပုံ့မှူးလွင် ပြောပြတာလား "

" ပုံ့ပုံ့အပြစ်မဟုတ်ပါဘူး သူကသားကို စိတ်ပူလို့ မေမေ့ကို ပြောပြရုံပါ "

" ဟူးး "

လင်းညှို့ သက်ပြင်းချမိတော့သည်။ ပုံ့မှူးလွင်က သူ့ဘက်အာရုံမလှည့်နိုင်သေးတာကို အခွင့်
ကောင်းယူပြီး အပိုင်လုပ်နေသည်။ မေမေ့ကိုလဲ ဘာတွေပြောထားပြီလဲမသိ။ တကယ်အဆိပ်
ပြင်းပါဘိ၊ ငယ်ငယ်ကနဲ့ လုံးဝမတူတော့ပေ။

" မေမေ ကျွန်တော်ပြောတာသေချာနားထောင်
ပုံ့မှူးလွင်ကို မယူနိုင်ဘူး ၊ သူကမရိုးရှင်းဘူး
သူ့စိတ်ဓာတ်ကို ကျွန်တော်မကြိုက်ဘူး "

" ဟယ် ဘာဖြစ်ရတာလဲကွယ် အကောင်းကြီးကနေ ဘာလဲ တကယ်ပဲ အဲကောင်လေးကြောင့်လား၊ မေမေပြောမယ်နော် သားရဲ့ အကြိုက်ကို မေမေဘယ်တုန်းကမှ မကန့်ကွက်ခဲ့ဘူး ဒါပေမဲ့ ခုကတော့ ပုံ့ပုံ့လေးနဲ့ စီစဉ်ထားပြီးမှ ဖျက်လို့မရဘူးလေ "

" ကျွန်တော် လက်ခံတယ်ပြောခဲ့လို့လား "

" လင်းညှို့မှိုင်း "

" ပုံ့မှူးလွင် company မှာဘာတွေလျှောက်လုပ် နေလဲ မေမေသိလား ကျွန်တော့်ကိုမပြောပဲ ရှယ်ယာရောင်းလိုက်တာကကို တော်တော်လွန် နေပြီ ၊ပုံ့မှူးလွင်က စာရိတ္တမကောင်းဘူး အဲလိုလူမျိုးကို မယူနိုင်ဘူး ပြီးတော့ သားလဲ သူ့ကို
မချစ်ဘူး ကျွန်တော့်ကို မပြောပဲ ဘာမှထပ်မ
လုပ်ပါနဲ့တော့"

တီတီတီ ...

" ဟဲ့ လင်းညှို့ .. ဒီကလေးကတော့လေ "

မှိုင်းညှို့အိမ် ( Complete) Where stories live. Discover now