Chapter ( 9 ) uni & zg

32.3K 1.7K 50
                                    

Unicode

" မေမေရယ် ခရီးရောက်မစိုက်ကြီးကို ရအောင်
စီစဉ်ထားသေးတယ်ပေါ့ "

စလုံးက မနေ့ကမှ ပြန်ရောက်ပြီး နေ့လည်စာအတူစားဖို့လှမ်းခေါ်လို့ အဟုတ်မှတ်လို့လာခဲ့တာ ခုတော့ မေမေ့အကွက်ထဲလင်းညှို့ပါသွားရပြီ။ နေ့လည်စာစားရမှာက မေမေနဲ့မဟုတ်ပဲ BM group က သမီးနဲ့တဲ့လေ။

" အလိုတော် စီစဉ်ရမှာပေါ့ မင်း အိမ်ထောင်ကျမှပဲ ငါစိတ်အေးရမှာ "

" ခုရော မေမေ စိတ်ပူအောင် ကျွန်တော်က ဘာတွေလုပ်နေလို့လဲဗျာ "

" ငါ့မင်းကို လိုက်ကြည့်မနေနိုင်ပေမဲ့ပတ်ဝန်း
ကျင် မှာ နားတွေ မျက်စိတွေပါတယ်ဟဲ့ မင်းအကြောင်းတွေက မကြားချင်မှအဆုံးပဲ "

" ဒါကတော့ဗျာ "

" တော်တော် လင်းညှို့မှိုင်း မင်းဘာမှထပ်မပြောနဲ့တော့ ခနနေရင် ဝတီနန်းထက် လာလိမ့်မယ် မေမေမျက်နှာမပျက်ချင်ဘူးနော် "

" ခက်ပြီမေမေရာ ... ကျွန်တော်လဲ တစ်ခါတည်းပြောထားမယ်နော် တွေ့ရုံပဲတွေ့မှာ ကျန်တဲ့
အကန့်တွေ စိတ်မဝင်စားသေးဘူး "

" ဖြစ်နိုင်ရယ် မင်းတို့ကို စေ့စပ်ထားစေချင်တာ"

" ဟာမေမေရာ ကျွန်တော်အိမ်ထောင်မပြုချင် သေးဘူး "

" အေးပါ မေမေကလဲ တန်းမယူခိုင်းသေးပါဘူး အရင်ဆုံး ရင်းနှီးအောင်လုပ် ပြီးရင် စေ့စပ်ထား လုပ်ငန်းတွေ အတူတွဲလုပ်ကြ နောက်မှလက်
ထပ်ကြပေါ့ အဲလိုဖြစ်စေချင်တာ "

" ဟိုးထား မေမေ တွေ့ပေးတာကိုလွန်လှပြီ
ကျွန်တော်မသိပဲ ဘာမှလျှောက်မလုပ်နဲ့နော်"

" ခုတော့ မေမေဘက်က ဘာမှစကားလွန်မထားသေးပါဘူး မေမေသဘောထားကို ကြိုပြောပြထားတာ ဝတီလေးနဲ့ပဲ သားကို သဘောတူတယ်"

" ခုဘာမှမလုပ်ရင် ပြီးရောမေမေရာ"

" ဒါဆို မေမေပြန်ပြီ "

" အင်းအင်း "

" ယံပိုင် မလွဲစေနဲ့နော် "

" ဟုတ်ကဲ့ပါ စိတ်ချပါဗျ "

မေမေထွက်သွားပြီး မကြာဘူး .. မိန်းကလေးတစ်ယောက်သူတို့ဝိုင်းထံလျှောက်လို့လာနေသည်။ အနီရောင် body fit ကိုယ်ကျပ်ဝတ်ဆင်ထားပြီး လှိုင်းတွန့်ပုံစံ ဆံပင်တွေကို ဖြန့်ထားသည်။ မြင်လိုက်တာနဲ့ အကြည့်လွဲရက်စရာမရှိတဲ့အမျိုးသမီးတစ်ယောက် ...

မှိုင်းညှို့အိမ် ( Complete) Where stories live. Discover now