Chapter ( 11 ) uni & zg

33.9K 1.3K 45
                                    

Unicode

Ring ! Ring !

Ring ! Ring !

ဖုန်းမြည်သံ ဆက်တိုက်ကြောင့် အိပ်နေရာက နိုးသွားရတော့သည်။ သို့ပေမဲ့ တန်းမကိုင်နိုင်သေး မျက်လုံးတွေကို ပွတ်သပ်ကာ ဟိုဘက်ကြည့်ဒီဘက်ကြည့် အရင်လုပ်ရသေးသည်။ ထိုအခါ ဖုန်းလေးက ကျသွား၏။

Ring ! Ring !

သို့ပေမဲ့ ဖုန်းက ထပ်၍ မြည်လာပြန်သည်။ ဒီတစ်ခါတော့ မကိုင်လို့ မဖြစ်တော့ ကုတင်ဘေးက စားပွဲပေါ်က သူ့လွယ်အိတ်လေးကို ယူဖို့ရာ ဖြည်းဖြည်းခြင်း တိုးကပ်လိုက်ရ၏။

" အ ... ကျွတ်စ် ကျွတ်စ် "

လှုပ်လိုက်တာနဲ့ နာကျင်သွားတဲ့ ခန္ဓာကိုယ်ကြောင့် ညည်းလိုက်မိသည်။ လွယ်အိတ်ထဲက ဖုန်းလေးကို ထုတ်ကာ ခေါ်ဆိုသူကို ကြည့်လိုက် တော့ ထက်နေသူပင်။

" ဟယ်လို နေသူ "

" ဟင် .. ဆွေးမြေ့ မင်းဘယ်မှာလဲ ညကလဲပြန်မလာဘူး အသံကရောဘာဖြစ်နေတာလဲ "

ဟုတ်တာပေါ့ ဆွေးမြေ့အသံက ဝင်နေပြီး အက်ရှနေတာလေ။

" အာ ဟို .. ငါ့အရင်အလုပ်က သူငယ်ချင်း
အိမ်မှာ ညအိပ်လိုက်လို့ "

" ဪ အေးပါ မင်းနေရောကောင်းရဲ့လား အသံတွေဝင်နေတယ် "

" ကောင်းပါတယ် မနက်ခင်းမို့ ဒါနဲ့ဘာရှိလို့လဲနေသူ"

" ငါအိမ်ပြန်မလို့ ဒီနေ့ပြန်မလာဘူး လှမ်းပြောတာ"

" အော်အေးအေး ငါလဲ ခနနေလောက်ပြန်လာမှာပါ"

" ဟုတ်ပြီဟုတ်ပြီ ဒါဆို ဒါပဲ "

" အေးအေး "

ဖုန်းချပြီးမှ ဖြည်းဖြည်းခြင်းထထိုင်လိုက်ရသည်။ ခါးရိုးတစ်လျှောက်လုံးက ကိုင်ပေါက်ခံထားရသလိုပင် နာကျင်နေသည်။ အောက်ပိုင်းကလဲ ထိုင်ရတာကိုပင် မသက်သာလှပေ။

" သေလောက်အောင် နာတာပဲ "

ခြုံထားသော စောင်ကို ဖယ်လိုက်တော့ တစ်ကိုယ်လုံး အဝတ်အစားပင်မကပ်၊ အိပ်ယာခင်းတွေကလဲ ညစ်ပေနေသည်။ သူ့ပေါင်မှာလဲ ကိုက်ရာတွေ အပြင် ခြောက်နေပြီဖြစ်သောအဖြူရောင် အရည်များ။

မှိုင်းညှို့အိမ် ( Complete) Where stories live. Discover now