Chapter ( 30 ) uni & zg

17.7K 959 173
                                    

Unicode

ဆွေးမြေ့ အိမ်ပြန်ရောက်တော့ ထုံးစံအတိုင်းခနနားကာ အဝတ်လျော် ထမင်းချက်ခြင်းကို စတင်လိုက်တော့၏။ မှိုင်းက နေ့လည်ကတည်း က ဧည့်သည်နဲ့ တွေ့ဖို့ရှိသည်ဟုပြောခဲ့ပြီး ထွက် သွားသဖြင့် ညနေကို ကိုယ့်ဘာသာကိုယ်ပြန်ခဲ့
လိုက်ရသည်။ ခုလဲ ရှိတာလေး ချက်ပြီး အကုန် ပြီးတော့မှ ရေချိုးရတော့သည်။ သူရေချိူးပြီးတော့ အချိန်က ၇နာရီ။ ဗိုက်က ဆာလာလေပြီ။ မှိူင်းကခုထိပြန်မရောက်သေးသဖြင့် ဖုန်းဆက် ကြည့်ဖို့သာ လုပ်ရတော့၏။ တစ်ခါလောက်ခေါ် ကြည့်ပြီး မကိုင်လျှင်တော့ ထပ်မခေါ်တော့ဘူးတွေးထားလိုက်၏။ ဖုန်းလေးက တတီတီဖြင့် ဝင်နေသည်။ ကျခါနီးစဲစဲတွင်တော့

" ဟယ်လို "

တစ်ဖက်က အသံက အနဲငယ်တိုးနေ၏။

" sorry မှိုင်း အားရဲ့လားဗျ "

" အင်းရတယ်ပြော "

" ဟိုလေ ဘယ်ချိန်ပြန်လာမှာလဲ လှမ်းမေးတာပါ"

" ကိုယ်ဒီနေ့ပြန်မလာဖြစ်တော့ဘူး ခုမေမေကဆီရောက်နေတာ ဒီမှာပဲ အိပ်လိုက်တော့မယ် "

" ဪ အဲလိုလား ဟုတ်ကဲ့ပါ "

" အင်း ဒါဆို ကိုယ်ဖုန်းချပြီနော် "

" အာ ဟုတ် ... ခန မှိုင်း "

" အင်း "

" ထမင်းစားအုန်းနော် "

" အင်းအင်း ဒါပဲနော် "

" ဟုတ် "

ဖုန်းလေးကျသွားတော့ ရင်ထဲမှာ ဟာတာတာနဲ့၊ ကိုယ့်အမေအိမ် ပြန်အိပ်တာကို ဘာကြောင့်မှန်းမသိစိတ်ထဲမှာတစ်မျိုးကြီးဖြစ်နေရသည်။ အတူတူနေကြတဲ့ အတောအတွင်း မှိုင်းက အပြင်မှာ အိပ်တာ လုံးဝမရှိပါ။ နောက်ကျရင်တောင် အိမ်ပြန်လာတတ်ပါသည်။ အမေကို သွားတွေ့
ရင်လဲ ခုလိုညအိပ်တာမျိုးမရှိတတ်။

" ငါအတွေးတွေ များနေပြန်ပါပြီ မှိူင်းက
သူ့မေမေကို လွမ်းလို့နေမှာပေါ့ ... ငါမှာလဲ မေမေရှိခဲ့ရင် လွမ်းလောက်လား "

ရုတ်တရက်ကြီး ဝင်ရောက်လာသော အတွေးက ဝမ်းနည်းစေသည်။ မွေးကတည်းက မမြင်ဖူးသော မိဘတွေကို သူမလွမ်းဖူးပေမဲ့ တွေ့ဖူးချင်
စိတ်တော့ရှိပါသည်။ ပြီးရင်မေးကြည့်ချင်၏။ ဖေဖေနဲ့မေမေက ဘာလို့ စွန့်ပစ်ခဲ့သလဲဆိုတာကိုပေါ့။ အတွေးတွေကို အဆုံးသတ်ပြီး အခန်းထဲက ထွက်ကာ ထမင်းစားခန်းထဲ ဝင်ခဲ့လိုက်၏။ ပြန်လာမယ်ထင်ပြီး နှစ်ယောက်စာ လုပ်ထားတာမို့ ကျန်နေတာ့မှာ နှမျောစရာ။ ဒီနေ့လဲ အထီးကျန်တဲ့ညစာကိုစားရင်း ကုတင်ကျယ်ကြီးမှာ တစ်ယောက်ထဲ အိပ်စက်ရတော့မည်။ အသက် ၂၂ ထိ တစ်ယောက်ထဲနေလာခဲ့ပြီးတာကို ခုမှအသားမကျသလို ဖြစ်နေတာအံ့ဩစရာပင်။ သူဟာ တစ်နေ့ထက်တစ်နေ့ မှိုင်းကို ပိုချစ်လာလို့ထင်၏။ လူတွေကလဲ ကိုယ့်အပေါ် နဲနဲလေး ဂရုစိုက်ကြင်နာပြလိုက်တာနဲ့ အရမ်းတွေ ငြိတွယ်ပြီး ကပ်တွယ်နေချင်ကြတော့တာ။ သူလဲ ခုလိုပဲပေါ့ မှိုင်းက သူ့ကို ချစ်လား မသေချာတာတောင် သူက အမြဲကပ်တွယ်နေချင်မိတာ။

မှိုင်းညှို့အိမ် ( Complete) Where stories live. Discover now