ဘယ်သူမှာမှ မရှိနိုင်သည့် မောက်မာသည့် ပုံစံ ဖြစ်သည်။ လကို သူ့လက်ထဲမှာ ကိုင်ပြီး မွေးဖွားလာသည့် သူကဲ့သို့ပင်။
“မင်အမြင်အရဆို လျိုကျွင်းကျွယ်က ဘယ်လိုလူလဲ?”သူမေးသည်။
လုရန်ခုန်း အနည်းငယ် ပြုံးလိုက်ကာ မေးလိုက်သည်။“ပြောပါဦး လျိုကျွင်းကျွယ် အကြောင်း?”
လန်ယွီ ပြောလိုက်သည်။“မင်းလည်း လျိုကျွင်းကျွယ်ရဲ့ နေနေကျပုံစံကို သိပါတယ်။သူကအင်ပါယာတစ်ခုလုံးမှာ အချမ်းသာဆုံး သူဌေးရဲ့သားပုံစံ လုံးဝမပေါက်ဘူး။ မနက်က သူဆေးလိပ်သောက်တယ် သူ့နှုတ်ခမ်းနားက ဆေးလိပ် ဖင်စီခံက တော်တော်တိုနေပြီ အဲ့ဒါကို လွှင့်မပစ်သေးဘဲ လက်နှစ်ချောင်းနဲ့ညှပ်ပြီး တစ်ချက်ရှိုက်လိုက်ပြီးမှ ထုတ်လိုက်တာ”
လန်ယွီ လျိုကျွင်းကျွယ်ပုံစံအတိုင်း မျက်လုံးကိုမှေးလိုက်ကာ သူ့လက်ညှိုးနှင့် လက်မကိုသုံးကာ စီးကရက်ကို ပါးစပ်ထဲမှ ထုတ်သည့်ပုံ လုပ်ပြလိုက်သည်။
“ငါသူ့ဆေးလိပ်မှာ သားရေတွေအများကြီး တွေ့လိုက်တယ် အဲ့တော့ သူ့ပါးစပ်ထဲမှာပဲ တောက်လျှောက်ထည့်ထားပုံပေါ်တယ်။ အဲ့လိုအကျင့်မျိုးက လက်ထဲမှာ ဆေးလိပ်ကို ကိုင်ထားဖို့ မအားတဲ့ လူမျိုးမှာ ရှိတတ်တာ။ လက်ထဲမှာကိုင်ထားဖို့ မအားလို့ ပါးစပ်ထဲမှာ ကိုက်ထားတာ”လန်ယွီ ပုံဖော်ထားသည့် ဆေးလိပ်ငွေ့များကို လုရန်ခုန်းဘက်သို့ မှုတ်ထုတ်သည့် ဟန်လုပ်လိုက်သည်။
“ဆိုင်ဝန်ထမ်းဆိုရင်လည်း ဆိုင်ထဲမှာ ဆေးလိပ်သောက်ဖို့ ခွင့်ပြုမှာ မဟုတ်ဘူး။ အဲ့တော့ လွတ်လပ်တဲ့ လုပ်ငန်းခွင်မျိုးမှာ လုပ်တာမျိုး ဖြစ်မယ်။ သူ့လက်က ချောမွေ့ပြီး ဖြူတယ်ဆိုတော့ လက်သမားတို့၊လက်မှုပညာသည်တို့ အဲ့လိုဟာမျိုးတွေတော့ မဖြစ်နိုင်ဘူး။ပြီးတော့ ငါ့သူ့လက်ညှိုးနဲ့ လက်မကြားမှာ အသားမာ အလွှာပါးပါးလေး တွေ့လိုက်တယ်”
လုရန်ခုန်းလည်း လန်ယွီကို လှုပ်ရှားမှုတစ်ခု လုပ်ပြလိုက်သည်။ မျက်နှာကို ကတ်ဖြင့် ထိသည့်ဟန် လုပ်ပြလိုက်ပြီး“သူကလောင်းကစားသမား ဒါမှမဟုတ် ကျွမ်းကျင်လိမ်လည်သူလေ”
“ဒါဆို လျိုကျွင်းကျွယ်က”
လုရန်ခုန်း ပြောလိုက်သည်။
YOU ARE READING
စင်ကြယ်တဲ့အိုမီဂါလေးက ရက်စက်တဲ့ကာနယ်အဖြစ် ဟန်ဆောင်နေရတယ်
Romanceဘာသာပြန် By Legacy Novel Translation