ထယ်ယောင်း၏အလုပ်ကိစ္စကြောင့် အပြင်မှာ၂ပတ်လောက်နေရမယ်ဆိုလို့ ဆော့ဂျင်စိတ်လှုပ်ရှားနေသည်...
ဒီတိတ်ဆိတ်နေတဲ့မြေအောက်ခန်းထဲမှာ သူဟာ ကြွက်တစ်ကောင်လို နေ,နေခဲ့ရတာ ခံစားချက်မရှိလို့မှမဟုတ်တာ... အားမတန်၊ မာန်လျှော့ထားတာမို့သာ လူတွေမမြင်တာ...
ခါတိုင်းထက် အစားအနည်းငယ်ပိုစားလာကာ ထူထူထောင်ထောင်ဖြစ်နေသည့်သူက နေရောင်နှင့်ထိတွေ့ဖို့ကို မစောင့်နိုင်တော့သလို လတ်ဆတ်တဲ့လေကိုလည်း အဆုတ်ထဲထိရောက်အောင် ခပ်ပြင်းပြင်းရှူဖို့ကိုလည်း အားခဲထားသည်...
ခုလည်း ခရုဆန်ပြုတ်ကို တစ်၀က်ကျော်ကျော်ကုန်အောင်စားပြီး သူ အစာကြေအောင် လမ်းဖြည်းဖြည်းလျှောက်နေသည်...
ခပ်ယိုင်ယိုင်ခြေလှမ်းတွေက မြေအောက်ခန်းတလျှောက် ဟိုဟိုဒီဒီသွားနိုင်သလောက် သွားကြည့်နေတာ...
သူ့ကိုထားသည့်မြေအောက်ခန်းဆိုတာ ဂိုဒေါင်တစ်လုံးစာမကတော့ ကျယ်သည်... သူအိပ်သည့်နေရာကနေထွက်လာရင် မြေအောက်ခန်းအပေါက်၀ဆီထိတောင် နည်းနည်းလျှောက်ရသည်...
ခုလည်း တရွေ့ရွေ့ဖြင့်လမ်းလျှောက်နေသည့်သူ့ကို အပြင်တွင်စောင့်နေသောအစောင့်များက တချက်သာလှမ်းကြည့်ပြီး သူတို့အချင်းချင်း စကားပြောနေကြသည်... ဘာမှမလုပ်နိုင်တော့သည့်သူ့ကို အရမ်းကြီးစိတ်မပူကြပေ...
မြေအောက်ခန်းတစ်ခုလုံး သူ့ကိုသူထိခိုက်နိုင်သည့်ပစ္စည်းများကို ရှင်းထုတ်ထားသည်မို့ ဘာဆိုဘာမှမရှိ...
ထောင့်စွန်းချွန်ချွန်များရှိသော ကျောက်စီပန်းချီကားများနှင့် ဖုန်တက်နေသည့်ဓါတ်ပုံမှန်ဘောင်တချို့က သူ့လက်နှင့်မမီနိုင်သည့် အမြင့်တနေရာမှာ ကျိုးတိုးကျဲတဲချိတ်ဆွဲထားသည်...
အချို့သောပန်းချီကားများကတော့ ထယ်ယောင်းငယ်ငယ်တုန်းကဆွဲသည့် အပျော်တမ်းလက်ရာ ဖြစ်ဟန်တူသည်... ယုန်ကောင်လေးတွေ၊ ခွေးပေါက်စလေးတွေ၊ လိပ်ပြာလှလှတွေ၊ အရုပ်ပုံလှလှတွေကို ပြန်ဆွဲထားတာ...
အတော်လေးကို အသက်၀င်လှသည့်ပုံများအား သူငေးကြည့်နေရင်း ဖြည်းဖြည်းချင်းစီလျှောက်နေတော့ ပန်းချီကားများအဆုံးတွင် မိသားစုဓါတ်ပုံကြီးကြီးတစ်ပုံ...
YOU ARE READING
𝐊ɪᴍ
Fanfictionဒီဓါတ်ပုံထဲကောင်လေးကို ရအောင်ရှာ၊ ဘယ်လိုနည်းနဲ့မဆို ခေါ်ခဲ့။ တစ်ခုပဲ မှဲ့တစ်ပေါက်တော့မစွန်းစေနဲ့။ [taejin] Start : 25.10.2023 End :